ကိုယ့်အိမ်မှာ အသီးဖျော်တဲ့ Blender ရှိရုံနဲ့ အလွယ်တကူလုပ်စားနိုင်မယ့် ထောပတ်သီးရေခဲမုန့်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ထောပတ်သီးကြိုက်သူတွေအတွက်တော့ သိပ်ကိုအသုံးဝင်မယ့် နည်းလမ်းလေးဖြစ်မှာပါ။

ထောပတ်သီး – ၂ လုံးကို အတုံးသေးလေးတွေလှီးပြီး Blender ထဲထည့်ပါ။ ပျားရည် – စားပွဲတင်ဇွန်း – ၂ ဇွန်းထည့်ပါ။ အုန်းနို့ – စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆား အနည်းငယ်ထည့်ပါ။ အားလုံးထည့်ပြီးရင်တော့ Blender နဲ့ လှည့်ကြိတ်လိုက်ရုံပါပဲ။

Blender ထဲကနေ ခွက်ထဲပြောင်းထည့်ပြီး ချောကလက်ကြိုက်ရင် ပိုစားလို့ကောင်းသွားအောင် ချောကလက်အတုံးသေးသေးလေးတွေ (dark chocolate) ထည့်ကာ သမအောင်နယ်လိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ ၁၀ နာရီ (သို့) တစ်ရက်ထည့်ထားပါ။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ အသင့်စားသုံးနိုင်တဲ့ ထောပတ်သီးရေခဲမုန့်ကို ရရှိသွားပါပြီ။

Source: www.tasty.com