ရေခဲမုန့်ချစ်သူတို့ရေ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပြုလုပ်ရလည်း လွယ်ကူသလို အရသာလည်း အင်မတန်ရှိတဲ့ ထောပတ်သီး ရေခဲမုန့် ပြင်ဆင်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ်သီး ၂ လုံး
  • နို့ဆီ စားပွဲတင်ဇွန်း ၁၆ ဇွနး
  • သံပုရာသီး ၁ လုံး (သံပုရာခွံကို ဓားဖြင့် မွှန်းထားပြီး အရည် ညှစ်ထားပါ)
  • Heavy ခရင်မ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အရင်ဦးဆုံး ရေခဲမုန့်ထည့်မယ့် ဇောက်နက်သော လင်ဗန်းကို ပလပ်စတစ်ဖြင့် ခံထားပါ။

၂။ ထောပတ်သီးအသားများကို ပန်းကန်လုံးထဲထည့်ပြီးနောက် အနှစ်များဖြစ်သွားအောင် ဇွန်းဖြင့် ချေလိုက်ပါ။ ထို့နောက် နွားနို့၊ သံပုရာရည်နှင့် သံပုရာခွံများထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ ရရှိလာတဲ့ ထောပတ် နွားနို့အရောအနှောကို လျှပ်စစ်မွှေစက်ဖြင့် ၂ မိနစ်ခန့် ထပ်မွှေပေးလိုက်ပါ။

၄။ ထောပတ်အနှစ်များဖြင့် ပေကျံသွားတဲ့ လျှပ်စစ်မွှေစက်ကို ရေဖြင့် ဆေးကြောသန့်စင်ပြီးနောက် ခြောက်သွေ့အောင် သုတ်ထားပါ။

ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ Heavy ခရင်မ်များထည့်ကာ ထိုလျှပ်စစ်မွှေစက်ဖြင့် ၄ မိနစ်ခန့် မွှေပါ။

၅။ စောစောက ထောပတ်အနှစ်များကို ခရင်မ်ပန်းကန်လုံးအကြီးထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်ကာ ယောင်းမဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် အသင့်ပြင်ထားသော လင်ဗန်းထဲသို့ လောင်းထည့်လိုက်ပါ။ ပလပ်စတစ်ဖြင့် အုပ်ထားပါ။

၆။ ထို့နောက် ရေခဲသေတ္တာအအေးခန်းထဲတွင် ၄ နာရီကြာ အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ထောပတ်သီးရေခဲမုန့်လေး ရရှိသွားပါပြီ။

ရေခဲမုန့်ခပ်သော ဇွန်းဖြင့် ကလော်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Mexicoinmykitchen.com