အားလုံးပဲ မင်္ဂလာပါ။ မနက်စာကို မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ရှမ်းခေါက်ဆွဲ စတဲ့ မြန်မာအစားအစာမျိုးစုံကို စားရတာ ငြီးငွေ့နေပြီဆိုတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဝက်သားပြား ကြက်ဥကြော် ဆန်းဒဝှစ်ချ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ချိစ် အနည်းငယ်
  • ဝက်သားပြား ၂ ပြား
  • ပေါင်မုန့်လုံး တစ်လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပေါင်မုန့်လုံးကို အလယ်တည့်တည့်က ထက်ဝက်ခြမ်းပြီး ပေါင်မုန့်မီးကင်စက်ထဲ ထည့်ဖုတ်လိုက်ပါ။

၂။ ဝက်သားပြားများကို ကြွပ်ရွလာသည်အထိ ကြော်ပေးလိုက်ပါ။

Source: cookinglight.com

၃။ ထို့နောက် ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာပါက ကြက်ဥ နှစ်လုံးကို Half-Fried ကြော်ပေးလိုက်ပါ။

၄။ ကြက်ဥကြော်ကို နှစ်မိနစ်ခန့် ကြော်ပြီးတဲ့နောက်မှာတော့ ဒယ်အိုးထဲသို့ ချိစ်ထည့်ပြီး ဒယ်အိုးအဖုံးအုပ်ထားလိုက်ပါ။ စက္ကန့် သုံးဆယ်ခန့် ပြည့်တဲ့နောက်မှာတော့ ချိစ်များ အရည်ပျော်သွားပါလိမ့်မယ်။

၅။ ထို့နောက် ပေါင်မုန့် တစ်ချပ်ပေါ်မှာ ကြက်ဥကြော်လေး တင်လိုက်ပါ။ ဝက်သားပြားလေးကို ကြက်ဥပေါ်မှာ ထပ်တင်ထားပြီးနောက် နောက်ပေါင်မုန့်တစ်ချပ် အုပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားပြား ကြက်ဥကြော် ဆန်းဒဝှစ်ချ်လေးကို မနက်စာအဖြစ် အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Thespruceeats.com