အားလုံးပဲ မင်္ဂလာပါ။ အသားကင် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဘာဘီကျူး အမဲသားကင် Bulgogi ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (လက်မဝက်အထူခန့် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

  • ရေ စားပွဲတင်ဇွန်း ၃ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ယက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ သကြား၊ ရေ၊ နှမ်းဆီ၊ နှမ်းစေ့နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၂။ ထိုဇလုံထဲသို့ အမဲသားများထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ရေခဲသေတ္တာထဲ ထည့်ကာ မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်အောင် နှပ်ပြီးပါက အကင်ဒယ်အိုး (သို့) အကင်မီးဖိုပေါ်တင်ကာ ၅ မိနစ်၊ ၆ မိနစ်ခန့် ကင်ပေးလိုက်ပါ။

၄။ လက်ကိုင်ပါ အကင်ဇကာ အသုံးပြုပြီး မီးဖိုပေါ်တွင် ကင်ချင်တယ်ဆိုလည်း ရပါတယ်။ ဒါဆိုရင်တော့ မီးဖိုကို အလယ်အလတ်မီးအပူရှိန်ဖြင့် အပူပေးထားပြီး အကင်ဇကာဖြင့် ကင်လို့ရပါတယ်။

အားလုံးကင်ပြီးသွားပြီဆိုရင်တော့ ဆလပ်ရွက်လေးဖြင့် ထုပ်စားကာ ငရုတ်သီးစိမ်းလေးများနဲ့လည်း ရှူးရှူးရှဲရှဲ တို့စားနိုင်ပါတယ်။

Source: Maangchi.com