အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်ကြသူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိပြီး ချက်ပြုတ်ပြင်ဆင်ရလွယ်ကူတဲ့ ကိုရီးယား အမဲသားကင် ဘူဂိုဂီ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား မိုးခိုသား (သို့) ခါးဆစ်သား ၁ ပေါင် (လက်မဝက်အထူခန့် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

  • ရေ စားပွဲတင်ဇွန်း ၃ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ သကြား၊ ရေ၊ နှမ်းဆီ၊ နှမ်းစေ့နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

၂။ အမဲသားပြားများကို ထိုဇလုံထဲ ထည့်နယ်ကာ ဇလုံအဖုံးအုပ်ထားပြီး ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၃။ မိနစ် ၃၀ ခန့် နှပ်ပြီးတဲ့အခါမှာတော့ ဒယ်အိုး (သို့) အကင်မီးဖိုပေါ်တွင် အမဲသားများ အညိုရောင် ပြောင်းသွားပြီး ကျက်သွားသည်အထိ တည်ပေးလိုက်ပါ။

ရရှိလာတဲ့ အမဲသားကင်များကို ပန်းကန်ထဲ ပြောင်းထည့်ကာ ဆလပ်ရွက်၊ ကင်ချီ၊ ငရုတ်သီးစိမ်းများနဲ့ အရသာရှိရှိ အားရပါးရ သုံးဆောင်နိုင်ပါတယ်။

Source: Maangchi.com