ချိစ်ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ချိစ်များများလေးနဲ့ အစာပြေစားလုပ်စားလို့ကောင်းမယ့် Cheese Sticks ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းကို ပြောပြပေးထားတာဖြစ်လို့ အရမ်းအဆင်ပြေမှာပါ။ ချိစ်အတုံးလိုက်လေးကိုယူပြီး တုတ်ချောင်းလေးတွေလိုက်ထိုးပြီး ပုံမှာပြထားတဲ့အတိုင်း လှီးပေးပါ။

ပန်းကန်လုံးသုံးလုံးယူပြီး တစ်လုံးထဲမှာ ဂျုံမှုန့်ထည့်၊ တစ်လုံးထဲမှာ ကြက်ဥခလောက်ထားတာထည့်၊ နောက်တစ်လုံးထဲမှာတော့ Bread Crumbs ထည့်ထားပါ။

ပြီးတာနဲ့ ချိစ်အချောင်းတစ်ချောင်းချင်းစီကိုယူပြီး ဂျုံမှုန့်ပန်းကန်ထဲထည့်နှစ်၊ ပြီးရင် ကြက်ဥပန်းကန်ထဲထည့်နှစ်၊ ပြီးရင် Bread Crumbs ပန်းကန်ထဲ ထည့်နှစ်ပါ။

အားလုံးပြီးရင်တော့ ဆီအိုးထဲထည့်ပြီး ကြော်လို့ရပါပြီ။ ဒါဆိုရင်တော့ Cheese Sticks ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: www. 5minuterecipes