ပန်ကိတ်ကြိုက်တဲ့သူတွေနဲ့ မနက်စာအတွက် ဆန်းပြားတာလေးတွေစားချင်သူများအတွက် ကြက်သားပန်ကိတ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ မနက်စာအတွက်တင်မဟုတ်ပဲ သားရေစာအတွက် နေ့လည်နေ့ခင်း မုန့်လုပ်စားဖို့အတွက်ဆိုလည်း အဆင်ပြေပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။

အရိုးမပါတဲ့ကြက်သား – ၂၅၀ ဂရမ်ကို နုတ်နုတ်ဆင်းပြီး ပန်းကန်ထဲထည့်ပါ။ ကြက်သွန်နီကိုလည်း ခွက်တစ်ဝက်စာရအောင် သေးသေးလေးတွေ လှီးထည့်ပါ။ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဂျင်းအမှုန့် (သို့) နုတ်နုတ်ဆင်းထားတဲ့ဂျင်း – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ အရောင်တင်ပန်းငရုပ်မှုန့် – အနည်းငယ်နဲ့ ငရုပ်သီးစိမ်း – ၂ တောင့်ကို လှီးထည့်ပါ။ ငံပြာရည် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ကြက်ဥ – တစ်လုံး၊ ဂျုံမှုန့် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာတို့ကိုထည့်ပြီး သမအောင်နယ်လိုက်ပါ။

ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ဇွန်းနဲ့ခပ်ကာ အဝိုင်းပုံစံလေးတွေလုပ်ပြီး ကြော်ပေးလိုက်ရုံပါပဲ။

ကြော်ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့တို့စားနိုင်ပါပြီ။ ဒါဆိုရင်တော့ ကြက်သားပန်ကိတ်ကို ရရှိသွားပါပြီ။

Source: www.toasted