ဖက်ထုပ်ကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်သားဖက်ထုပ်ကြော် ပူပူလေး ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စသ်းထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း (ကြက်သွန်မြိတ်အဖြူနှင့် အစိမ်းကို သပ်သပ်စီ ခွဲထားပါ)
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဖက်ထုပ်ပြုလုပ်ရန် လိုအပ်သော ဖက်ထုပ်ရွက် ၂၅ ရွက်
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်သား၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်နှင့် နှမ်းဆီတို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၂။ ဖက်ထုပ်ရွက်များကို စဉ်းနီတုံးပေါ်တွင် အစီအရီ စီထားလိုက်ပါ။ နယ်ထားသော ကြက်သားအစာသွပ်များကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့် ခပ်ယူပြီး ဖက်ရွက်အလယ်တည့်တည့်တွင် ထည့်ထားလိုက်ပါ။

ထို့နောက် လက်ချောင်းကို ရေအနည်းငယ် ဆွတ်ပြီးနောက် ဖက်ရွက်အနားသားများကို ရေဆွတ်ပါ။ ဖက်ထုပ်ကို လခြမ်းပုံသဏ္ဍာန် ခေါက်ချပြီးနောက် အနားသားများကို ဖိကပ်ပေးလိုက်ပါ။

ဖက်ထုပ်အရွက်များနှင့် အစာသွပ်များအားလုံး ကုန်သွားသည်အထိ ထိုနည်းအတိုင်း ပြုလုပ်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက လိပ်ထားသော ဖက်ထုပ်များထည့်ကာ ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်ပါ။

ရွှေညိုရောင် ပြောင်းသွားပြီဆိုတာနဲ့ ရေ စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ထည့်ပြီး အိုးအဖုံးပိတ်ကာ ၅ မိနစ်ခန့် ပေါင်းပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ပန်းကန်ပြားထဲ ထည့်ပေးလို့ရပါပြီ။

ကျန်ဖက်ထုပ်များကိုလည်း ထိုနည်းအတိုင်း ကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်သားဖက်ထုပ်လေး ရရှိသွားပါပြီ။

Source: Justataste.com