အားလုံးပဲ မင်္ဂလာပါ။ မနက်စာပြင်ဆင်ဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် အချိန်တိုအတွင်း ပြင်ဆင်လို့ရမယ့် တရုတ်စတိုင်လ်ထမင်းကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ စားသောက်ဆိုင်ကြီးတွေမှာ စားသောက်ရတဲ့အရသာမျိုးကို ပြင်ဆင်ချက်ပြုတ်နိုင်ဖို့အတွက် ပြင်ဆင်နည်းအဆင့်ဆင့်ကို တစ်ဆင့်ချင်စီသေချာလိုက်လုပ်ဖို့ လိုပါမယ်နော်။

ပါဝင်ပစ္စည်းများ

  • စံပယ်ထမင်း (သို့) ရိုးရိုးထမင်းအနည်းငယ်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ ပန်းကန်လုံး လေးပုံတစ်ပုံစာ
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း တစ်ဇွန်းစာ
  • အတုံးသေးသေးလှီးထားသော မုန်လာဥ ပန်းကန်လုံးတစ်ဝက်စာ

  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ပဲလုံးစိမ်း ပန်းကန်လုံး တစ်ဝက်စာ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • လှီးဖြတ်ထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်းစာ

ပြုလုပ်နည်း အဆင့်ဆင့်

ကြော်မယ့်အိုးကို အပူပေးပြီးနောက် ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပြီး အပူပေးပါ။ ဆီပူလာပြီဆို ထမင်းထည့်ပြီး စက္ကန့် ၃၀ ခြား တစ်ခါစီမွှေပေးပါ။ ငါးမိနစ်ပြည့်လို့ ထမင်းလေး အညိုရောင်သမ်းလာပြီဆိုရင် ထမင်းတွေကို ဘေးဘက်ကပ်လိုက်ပြီး အလယ်မှာ ရေတွင်းပုံစံလေးဖော်လိုက်ပါ။

ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီတို့ကို ရေတွင်းပေါက်ထဲထည့်ပြီး ထမင်းနဲ့ တစ်မိနစ်ခန့် ရောမွှေလိုက်ပါ။

တစ်ဖန် ရေတွင်းပုံစံ ပြန်ဖော်ပြီး မွှေထားတဲ့ကြက်ဥများကို ထည့်ပြီး စက္ကန့် ၃၀ ခန့် စောင့်ပြီးမှ ထမင်းနဲ့ ရောမွှေလိုက်ပါ။ ပဲငံပြာရည်ထည့်ပြီး ထပ်မွှေပါ။

ပဲလုံးစိမ်းများထည့်ပြီး ၂ မိနစ်ခန့် ထပ်မွှေပါ။ ပြီးရင် ဆားနဲ့ငရုတ်ကောင်းအနည်းငယ်ကို လိုသလောက်ထည့်ပြီး အရသာမြည်းကြည့်ပါ။ ပြီးရင် ထမင်းကြော်ကို ပန်းကန်လုံးထဲထည့်ပြီး ကြက်သွန်မြိတ်လေးတွေနဲ့ အလှဆင်ကာ အရသာကောင်းမွန်လှတဲ့ တရုတ်စတိုင်လ်ထမင်းကြော်ကို သုံးဆောင်လို့ရပါပြီနော်။

Source: www.jessicagavin.com