အားလုံးပဲ မင်္ဂလာပါ။ အခုတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်သားလုံးပြုတ်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း တစ်ဝက်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ပြုတ်ရည် (သို့) ရေ အနည်းငယ်

  • ဝက်သား ၄၅၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆားနှင့် ဟင်းခပ်မှုန့်အစပ် အနည်းငယ်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော ဝက်သားများကို ရေ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် နယ်ဖတ်ထားလိုက်ပါ။

၂။ ကြက်သွန်မြိတ်၊ ဂျင်း၊ ပြောင်းမှုန့်၊ ပဲငံပြာရည်၊ ဆား၊ ဟင်းခပ်မှုန့်နှင့် နှမ်းဆီတို့ ပေါင်းထည့်ကာ ၃ မိနစ်ခန့် နယ်ပေးလိုက်ပါ။ ထို့နောက် ၅ မိနစ်ခန့် သိပ်ထားပြီးတဲ့နောက်မှာ သမအောင် ထပ်နယ်ပေးလိုက်ပါ။

၃။ ထို့နောက် ဝက်သားအစာသွပ်အနည်းငယ်ယူလိုက်ကာ အလုံးပုံသဏ္ဍာန် လုံးပေးလိုက်ပါ။ ဝက်သာများအားလုံး ကုန်သွားသည်အထိ လုံးပေးလိုက်ပါ။

၄။ အိုးတစ်လုံးထဲတွင် ရေအပြည့်ထည့်ပြီးနောက် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ရေနွေးဆူလာပါက ဝက်သားလုံးများကို ထည့်ပြုတ်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာ ပြုတ်ပြီးသွားတဲ့အခါမှာတော့ ပန်းကန်လုံးထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

၅။ ရရှိလာတဲ့ ဝက်သားလုံးပြုတ်ထဲသို့ နံနံပင်လေး အနည်းငယ်ထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

ထိုဝက်သားလုံးပြုတ်ကို ကြေးအိုး၊ ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ်စတဲ့ အစားအစာတွေ လုပ်စားတဲ့အခါမှာလည်း အရသာပိုမိုကောင်းမွန်အောင် ထည့်ပြုတ်နိုင်ပါသေးတယ်။

Source: Chinasichuanfood.com