ချောကလက်ချစ်သူလေးတွေအတွက် အိမ်မှာအလွယ်တကူနဲ့လုပ်စားလို့ရမယ့် ချောကလက်အချိုပွဲလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ဒီအချိုပွဲလေးတွေကိုလုပ်တဲ့အခါမှာ ရေခဲကတ်နဲ့ ရေခဲတုံးလေးတွေကို အသုံးပြုပြီးလုပ်မှာဖြစ်တဲ့အတွက် လူတိုင်းအလွယ်တကူနဲ့ လိုက်လုပ်တတ်မှာသေချာပါတယ်။

ပထမဆုံးအနေနဲ့ ရေခဲကဒ်ထဲကို ရေထည့်ပြီး တုတ်ချောင်လေးတွေကိုပါ စောင်းပြီးထည့်ပေးပါ။ ရေခဲသေတ္တာထဲမှာထည့်ထားပြီး အေးသွားတဲ့အခါမှာတော့ တုတ်ချောင်းကနေကိုင်ကာ ချောကလက်အရည်တွေထည့်ထားတဲ့ထဲကို နှစ်လိုက်ပါ။ အကုန်နှစ်စရာမလိုပါဘူး။ အပေါ်ယံနေရာလေးကို ချန်ထားပြီး နှစ်ပေးရင်ရပါပြီ။

Source: www.5minutescraft.com

ပြီးရင်တော့ ပန်းကန်ပြားထဲထည့်ပြီး တုတ်ကနေကိုင်ကာ ရေခဲတုံးလေးကိုဖယ်လိုက်မယ်ဆိုရင်တော့ ချောကလက်က ခွက်ပုံလေးဖြစ်သွားတာကို တွေ့ရမှာပါ။ အဲ့ဒီထဲကို ချောကလက်ကိတ် (သို့) Brownie ကိတ်လေးပါးပါးလှီးပြီး ထည့်ပေးပါ။ ချောကလက်ရေခဲမုန့်လည်း တစ်ဇွန်းတင်ပေးပါ။ နောက်ဆုံးမှာတော့ အပေါ်ကနေ မြေပဲလေးတွေကိုဖြူးပေးလိုက်ရုံပါပဲ။

Source: www.5minutescraft.com

ဒါဆိုရင်တော့ ချစ်စရာကောင်းပြီး အရသာရှိတဲ့ ချောကလက်အချိုပွဲ၊ Brownie အချိုပွဲလေးကို ရရှိသွားပါပြီ။

Source: www.5minutescraft.com