မုန့်အချိုနဲ့ ပတ်သက်လာရင် ချောကလက်ကို တမ်းတမ်းစွဲ ကြိုက်နှစ်သက်ကြသူများအတွက် ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း (၄) မျိုးတည်းနဲ့ မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ ချောကလက်ပူတင်းအချိုပွဲ ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကိုကိုးမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပြောင်းမှုန့် ၃၀ ဂရမ် (စားပွဲတင်ဇွန်း ၃ ဇွန်း)
  • သကြားညို ၄၅ ဂရမ် (စားပွဲတင်ဇွန်း ၃ ဇွန်း)နှင့် ၇၀ ဂရမ် (စားပွဲတင်ဇွန်း ၅ ဇွန်းခွဲ)
  • နွားနို့ ၄၇၃ မီလီလီတာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး သကြား စားပွဲတင်ဇွန်း ၃ ဇွန်းခန့်ထည့်ကာ သကြားများ အရည်ပျော်သွားသည်အထိ တည်ပါ။ သကြားများ အညိုရောင် ပြောင်းသွားပါက ပန်းကန်လုံး (သို့) ပူတင်းပြုလုပ်သော ခွက်ငယ်လေးထဲသို့ လောင်းထည့်လိုက်ပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ အခြားအိုးတစ်လုံးထဲသို့ ကိုကိုးမှုန့်နှင့် ပြောင်းမှုန့်များ ထည့်ရပါမယ်။

ထိုအမှုန့်များ ထည့်တဲ့အခါ ဆန်ခါနဲ့ လှည့်ကာ လှုပ်ခါပေးပြီး ထည့်ပေးသင့်ပါတယ်။ ဒါမှ အတုံးအခဲများ ဖြစ်မနေဘဲ အမှုန့်များလည်း သမသွားမှာဖြစ်ပါတယ်။

၃။ ထို့နောက် နွားနို့နှင့် သကြား စားပွဲတင်ဇွန်း ၅ ဇွန်းခွဲတို့ ထည့်ကာ ချောကလက်အနှစ်ပျစ်ပျစ်ကလေးများ ရသွားသည်အထိ တည်ပါ။

၄။ ရရှိလာတဲ့ ချောကလက်အနှစ်များကို စောစောက သကြားထည့်ထားသော ခွက်ငယ်ထဲသို့ လောင်းထည့်လိုက်ပါ။

ထို့နောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၂ နာရီခန့် အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်အောင် အအေးခံပြီးတဲ့နောက်မှာတော့ အချိုပန်းကန်ထဲသို့ လောင်းထည့်ကာ မိမိကြိုက်နှစ်သက်ရာ သစ်သီးများဖြင့် အလှဆင်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိပြီး လူကြီးလူငယ် ကျား မ မရွေး ကြိုက်နှစ်သက်ကြတဲ့ ချောကလက်ပူတင်း အချိုပွဲလေး ရရှိသွားပါပြီ။

Source: Theclevermeal.com