အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ကော်ဖီ ကြိုက်နှစ်သက်သူတွေ သဘောတွေ့သွားစေမယ့် ကော်ဖီပူတင်း ပြင်ဆင်ပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်
  • နွားနို့ စားပွဲတင်ဇွန်း ၃၂ ဇွန်း

  • Espresso ကော်ဖီမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပြောင်းမှုန့်၊ သကြား၊ သစ်ကြမ်းပိုးခေါက်တို့ကို ဒယ်အိုးအသေးတစ်လုံးထဲတွင် သမအောင် ရောမွှေထားလိုက်ပါ။

၂။ ထို့နောက် နွားနို့ကို ဒယ်အိုးထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် မီးပြင်းပြင်းဖြင့် ၂ မိနစ်ခန့် တည်ထားလိုက်ပါ။

၃။ နွားနို့အရည်များ ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ ထို့နောက် Expresso ကော်ဖီမှုန့်များနှင့် ဗနီလာတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ကော်ဖီအရောအနှောကို ဖန်ခွက် (သို့) ပန်းကန်လုံးထဲ ပြောင်းထည့်ကာ ပလပ်စတစ်ဖြင့် လုံအောင် အုပ်ထားပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်အောင် အအေးခံထားပြီတဲ့နောက်မှာတော့ အရသာရှိတဲ့ ကော်ဖီပူတင်း အချိုပွဲလေး ရရှိသွားပါပြီ။

Source: Foodnetwork.com