အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ငါးစွပ်ပြုတ်ဟင်းရည်ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
- ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
- ငါးပါးနီအသားလွှာ ၃ ပြားခန့် (အတုံးခပ်သေးသေး တုံးထားပါ)
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
- ငရုတ်ပွအနီ (သို့) အဝါ တစ်လုံး (အူတိုင်နှင့် အစေ့ကို ဖယ်ရှားကာ ပါးပါးလှီးထားပါ)
- ကကတစ်ငါး ၁ ပေါင်ခွဲခန့် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားကာ အနေတော်အတုံး တုံးထားပါ)
- ခရမ်းချဉ်သီး ၁၂၅ ဂရမ်
- ဝိုင်ဖြူ ၁၂၅ မီလီလီတာ
- ကြက်ပြုတ်ရည် ၃၇၅ မီလီလီတာ
- နံနံပင် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ ငါးပါးနီ၊ ကြက်သွန်မြိတ်နှင့် ငရုတ်ပွတို့ထည့်ပြီး ၄ မိနစ်ခန့် ကြော်လှော်ပေးလိုက်ပါ။
၂။ ခရမ်းချဉ်သီးနှင့် ဝိုင်ဖြူတို့ထည့်ပြီး ၃ မိနစ်ခန့် ချက်ပေးလိုက်ပါ။
၃။ ထို့နောက် ကြက်ပြုတ်ရည်ထည့်ပြီး မီးအေးအေးဖြင့် မိနစ် ၂၀ ခန့် တည်ထားရပါမယ်။ ဒယ်အိုး အဖုံးဖုံးထားကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားရပါမယ်။
၄။ ပွက်ပွက်ဆူလာပါက ကကတစ်ငါးထည့်ပြီး ၅ မိနစ်ခန့် တည်ပေးရပါမယ်။
၅။ ငါးက ကျက်သွားပြီဆိုရင်တော့ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။
အစပ်အဟပ်တည့်သွားပြီဆိုရင်တော့ မီးဖိုပေါ်ကချကာ စားခါနီးကျမှ နံနံပင်ထည့်ကာ အနံ့မွှေးမွှေး အရသာရှိရှိဖြင့် အားရပါးရ သုံးဆောင်နိုင်ပါပြီ။
Source: Pickledplum.com