အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ငါးစွပ်ပြုတ်ဟင်းရည်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငါးပါးနီအသားလွှာ ၃ ပြားခန့် (အတုံးခပ်သေးသေး တုံးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်ပွအနီ (သို့) အဝါ တစ်လုံး (အူတိုင်နှင့် အစေ့ကို ဖယ်ရှားကာ ပါးပါးလှီးထားပါ)

  • ကကတစ်ငါး ၁ ပေါင်ခွဲခန့် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားကာ အနေတော်အတုံး တုံးထားပါ)
  • ခရမ်းချဉ်သီး ၁၂၅ ဂရမ်
  • ဝိုင်ဖြူ ၁၂၅ မီလီလီတာ
  • ကြက်ပြုတ်ရည် ၃၇၅ မီလီလီတာ
  • နံနံပင် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ ငါးပါးနီ၊ ကြက်သွန်မြိတ်နှင့် ငရုတ်ပွတို့ထည့်ပြီး ၄ မိနစ်ခန့် ကြော်လှော်ပေးလိုက်ပါ။

၂။ ခရမ်းချဉ်သီးနှင့် ဝိုင်ဖြူတို့ထည့်ပြီး ၃ မိနစ်ခန့် ချက်ပေးလိုက်ပါ။

၃။ ထို့နောက် ကြက်ပြုတ်ရည်ထည့်ပြီး မီးအေးအေးဖြင့် မိနစ် ၂၀ ခန့် တည်ထားရပါမယ်။ ဒယ်အိုး အဖုံးဖုံးထားကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားရပါမယ်။

၄။ ပွက်ပွက်ဆူလာပါက ကကတစ်ငါးထည့်ပြီး ၅ မိနစ်ခန့် တည်ပေးရပါမယ်။

၅။ ငါးက ကျက်သွားပြီဆိုရင်တော့ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

အစပ်အဟပ်တည့်သွားပြီဆိုရင်တော့ မီးဖိုပေါ်ကချကာ စားခါနီးကျမှ နံနံပင်ထည့်ကာ အနံ့မွှေးမွှေး အရသာရှိရှိဖြင့် အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source: Pickledplum.com