အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာချစ်သူများအတွက် ဒီတစ်ခါမှာတော့ လတ်လတ်ဆတ်ဆတ်နဲ့ နွားနို့အရသာ ရောထားတဲ့ ပုစွန်ကြွပ်ကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် အကောင်ကြီး ၁ ပေါင်ခွဲ
  • ဟင်းရွက်ဆီ
  • နွားနို့ ၅၀၀ မီလီလီတာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ဂျုံမှုန့် ၁၂၀ ဂရမ်

  • ပြောင်းမှုန့် ၁၂၀ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို ရေဆေးသန့်စင်ပြီးတဲ့နောက်မှာ ခေါင်းနဲ့ အခွံတို့ကို ချွတ်လိုက်ပါ။ ပုစွန်အမြီးကိုတော့ ဒီအတိုင်း ထားထားပါ။ ထို့နောက် ရေပြန်ဆေးပြီးနောက် ခြောက်သွေ့အောင် သုတ်လိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် မွှေခလောက်ထားသော ကြက်ဥနှင့် နွားနို့တို့ကို သမအောင် ရောမွှေလိုက်ပါ။

၃။ ပုစွန်များကို နွားနို့ထဲထည့်ပြီး ၃ မိနစ်၊ ၄ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၄။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ပြောင်းမှုန့်နှင့် မုန့်ဖုတ်ပေါင်ဒါတို့ကို သမအောင် ရောမွှေပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ကာ သမအောင် ထပ်ရောနှောလိုက်ပါ။

၅။ နွားနို့ နှစ်ပြီးသားပုစွန်များကို ဂျုံမှုန့်နှစ်များဖြင့် ကပ်လိုက်ပါ။

၆။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီကို ၃၆၀ ဒီဂရီဖာရင်ဟိုက်အထိ အပူပေးလိုက်ပါ။ လိုအပ်တဲ့အပူချိန်အထိ ဆီပူလာပြီဆိုရင်တော့ ပုစွန်များထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ရပါမယ်။

၇။ ရွှေညိုရောင် သမ်းလာသော ပုစွန်ကြော်များကို ပန်းကန်ပြားထဲသို့ ဆယ်ယူကာ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ဖြူးလိုက်ပါ။

ဒါဆိုရင်တော့ နွားနို့အရသာ ပါဝင်တဲ့ ပုစွန်ကြွပ်ကြော်ကို မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။

Source: Thespruceeats.com