(Unicode)
အားလုံးပဲ မင်္ဂလာပါ။ အသားလုံးကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဂဏန်းအသားလုံးကြော်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဂဏန်းသား ၁ ပေါင်ခန့်
- ပေါင်မုန့်အကြေအစ ၂၃၀ ဂရမ်
- ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
- မိရောနိစ် ၅၈ ဂရမ်
- သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
Source: Foromarket.com
- ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
- ငရုတ်သီးဆော့စ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဂဏန်းသားကို ပန်းကန်လုံးအသေးတစ်လုံးထဲ ထည့်ထားပါ။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ၊ မိရောနိစ်၊ သံပုယိုရည်၊ ဆော့စ်နှင့် ကြက်သွန်မြိတ်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။ ရရှိလာတဲ့ ကြက်ဥအရောအနှောကို ဂဏန်းပန်းကန်ထဲထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။
၂။ ဂဏန်းအစာများကို ထမင်းစားဇွန်းဖြင့် ခပ်ထုတ်ပြီးနောက် လက်မဝက်အထူရအောင် လုံးပေးလိုက်ပါ။ ထို့နောက် ပေါင်မုန့်အကြေအစများဖြင့် ကပ်ပေးလိုက်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီနှင့် ထောပတ်တို့ထည့်လိုက်ပါ။ စောစောကလုံးထားသော ဂဏန်းသားလုံးများကို ဒယ်အိုးထဲထည့်ပြီး ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဇွန်းအပြားလေးဖြင့် အသာအယာဖိပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ပေးလိုက်ပါ။ ရွှေညိုရောင်လေး သမ်းလာသည်အထိကြော်ပေးလိုက်ပါ။
၄။ အခြားအသားလုံးများကုန်သည်အထိ ဆက်ကြော်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဂဏန်းအသားလုံးကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိတို့စားနိုင်ပါတယ်။
Source: Pinchandswirl.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ အသားလံုးေၾကာ္ ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ ဂဏန္းအသားလံုးေၾကာ္ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ဂဏန္းသား ၁ ေပါင္ခန္႔
- ေပါင္မုန္႔အေၾကအစ ၂၃၀ ဂရမ္
- ၾကက္ဥ ၁ လံုး (ေမႊခေလာက္ထားပါ)
- မိေရာနိစ္ ၅၈ ဂရမ္
- သံပုယိုရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
Source: Foromarket.com
- ၾကက္သြန္ၿမိတ္ ၂ ပင္ (ပါးပါးလွီးထားပါ)
- ငရုတ္သီးေဆာ့စ္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
- ေထာပတ္ စားပြဲတင္ဇြန္း ၁ ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဂဏန္းသားကို ပန္းကန္လံုးအေသးတစ္လံုးထဲ ထည့္ထားပါ။ အျခားပန္းကန္လံုးတစ္လံုးထဲတြင္ ၾကက္ဥ၊ မိေရာနိစ္၊ သံပုယိုရည္၊ ေဆာ့စ္ႏွင့္ ၾကက္သြန္ၿမိတ္တို႔ကို သမေအာင္ ေရာေမႊထားလိုက္ပါ။ ရရွိလာတဲ့ ၾကက္ဥအေရာအေႏွာကို ဂဏန္းပန္းကန္ထဲထည့္ကာ သမေအာင္ ထပ္ေမႊေပးလိုက္ပါ။
၂။ ဂဏန္းအစာမ်ားကို ထမင္းစားဇြန္းျဖင့္ ခပ္ထုတ္ၿပီးေနာက္ လက္မဝက္အထူရေအာင္ လံုးေပးလိုက္ပါ။ ထို႔ေနာက္ ေပါင္မုန္႔အေၾကအစမ်ားျဖင့္ ကပ္ေပးလိုက္ပါ။
၃။ ဒယ္အိုးကို အပူေပးၿပီး သံလြင္ဆီႏွင့္ ေထာပတ္တို႔ထည့္လိုက္ပါ။ ေစာေစာကလံုးထားေသာ ဂဏန္းသားလံုးမ်ားကို ဒယ္အိုးထဲထည့္ၿပီး ၄ မိနစ္၊ ၅ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။ ဇြန္းအျပားေလးျဖင့္ အသာအယာဖိေပးလိုက္ပါ။ ထို႔ေနာက္ အျခားတစ္ဖက္သို႔ လွန္ေပးလိုက္ပါ။ ေရႊညိဳေရာင္ေလး သမ္းလာသည္အထိေၾကာ္ေပးလိုက္ပါ။
၄။ အျခားအသားလံုးမ်ားကုန္သည္အထိ ဆက္ေၾကာ္ေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ဂဏန္းအသားလံုးေၾကာ္ေလး ရရွိသြားပါၿပီ။ မိမိႏွစ္သက္ရာအခ်ဥ္၊ ေဆာ့စ္တို႔ျဖင့္ အရသာရွိရွိတို႔စားႏိုင္ပါတယ္။
Source: Pinchandswirl.com