Oreo ကြိုက်သူများအတွက် အသစ်အဆန်းလေးတွေ လုပ်စားလို့ရအောင် Oreo ကွတ်ကီးကို အရသာရှိအောင် ကြော်စားနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

Pancake Mix – ခွက်တစ်ခွက်စာကို ပန်းကန်ထဲထည့်ပါ။ Pancake Mix ကိုတော့ City mart တွေမှာ ဝယ်လို့ရပါတယ်။

ကြက်ဥ ၁ လုံးဖောက်ထည့်ပြီး ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ Vanilla extract – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါမယ်။

နွားနို့ – ခွက် တစ်ခွက်စာ ထည့်ပြီး သမအောင်သေချာနယ်ပါ။ မွှေပါ။ အရမ်းပျစ်နေသေးရင် နွားနို့ နည်းနည်းထပ်ထည့်ပြီး မွှေပါ။

ပုံမှာပြထားသလောက် အနေအထားလေးရပြီဆိုရင်တော့ Oreo ကွတ်ကီးတွေကို တစ်ခုချင်းထည့်နှစ်ပြီး ဆီအိုးထဲထည့်ကာ ကြော်လို့ရပါပြီ။

ကြော်ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အပေါ်ကနေ Powder sugar လေးတွေ ဖြူးပြီး စားနိုင်ပါပြီ။

Source: www.easypeasypan