ကြက်ဥဝယ်ထားပြီး တစ်ခုခုလုပ်စားချင်နေတဲ့သူတွေအတွက် ထူးဆန်းတာလေးတွေ လုပ်စားလို့ရအောင် ကြက်ဥတစ်မျိုးထဲနဲ့လုပ်လို့ရတဲ့ ကြက်ဥကိတ်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ကြက်ဥကိတ်ပုံစံလုပ်တာဖြစ်လို့ ဂျုံမှုန့်တွေလည်း မလိုပါဘူး။ ပုံမှန်ကြက်ဥကြော်သလိုပါပဲ။

ကြက်ဥကတော့ ၅ လုံးလိုပါမယ်။ ကြက်ဥ ၅ လုံးကို အနှစ်သက်သက်၊ အကာသက်သက်ခွဲထည့်ပြီး ဆားနည်းနည်းစီထည့်လိုက်ပါ။ အကာတွေကိုတော့ မွှေစက်နဲ့ အမြုပ်လေးတွေရတဲ့အထိ မွှေပါ။

ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး အနှစ်တွေထည့်ပါ။ ခဏတည်ပြီးရင် ခုနကမွှေထားတဲ့ ကြက်ဥအကာတွေကို ထည့်ပါ။ ပြီးရင် အဖုံးနဲ့အုပ်ပြီးတည်ထားပါ။

ခဏနေရင်တော့ ပန်းကန်ထဲထည့်ပြီး ဓားနဲ့ခွဲစားလို့ရပါပြီ။ ဒါဆိုရင်တော့ ကြက်ဥတစ်မျိုးထဲနဲ့ အရသာရှိတဲ့ ကြက်ဥကိတ်ကို ရသွားပါပြီ။

Source: www. 5minutecraftsmen