ကြက်ဥဖတ်ထုပ်ကို မိသားစုနဲ့အတူ အရသာရှိရှိလေးလုပ်စားလို့ရအောင် လုပ်ရတာလွယ်ကူတဲ့ နည်းလမ်းလေး မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်မြိတ်အကြီး – ၃ ချောင်းကို သေးသေးလေးတွေလှီးပေးပါ။

အိုးထဲကို ရေထည့်ပြီး ဆူလာရင် ဂျုံကြာဇံ – လက်တစ်ဆုပ်စာလောက်ကို ၅ မိနစ်လောက် ထည့်ပြုတ်ပေးပါ။

ကြာဇံနူးပြီဆိုရင် ပန်းကန်ထဲပြောင်းထည့်ပြီး – ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး သမအောင်နယ်ပါ။

နယ်ပြီးရင် ကတ်ကြေးနဲ့ ကြာဇံကို ဖြတ်ပေးပါ။

ကြက်ဥ – ၃ လုံးဖောက်ထည့်ပြီး လှီးထားတဲ့ ကြက်သွန်မြိတ်တွေပါထည့်ပါ။ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်မွှေပေးပါ။ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့် မွှေပါ။

အားလုံးပြီးရင် ဆီအိုးထဲ တစ်ဇွန်းစီထည့်ပြီး တစ်ဖက်က နည်းနည်းရလောက်ပြီဆိုရင် ခေါက်လိုက်ပါ။ ကြက်ဥကြော်သလိုပဲ ရတဲ့အထိ ဆက်ကြော်နေပေးပါ။

ကိုယ်လိုချင်သလောက်အနေအထားရပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး အချဉ်နဲ့တို့ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

အခြားဖတ်ထုပ်တွေလုပ်စားမယ်ဆိုရင် ဖတ်ထုပ်လုပ်တဲ့အဖတ်ဝယ်ရတာနဲ့ လုပ်ရတာက အလုပ်ရှုပ်ပါတယ်။ လွယ်လွယ်ကူကူလုပ်စားချင်ရင်တော့ ဒီကြက်ဥဖတ်ထုပ်လုပ်နည်းလေးက အဆင်အပြေဆုံးပါပဲ။

Source: www.onemealaday