အားလုံးပဲ မင်္ဂလာပါ။ ရေခဲချောင်း ကြိုက်နှစ်သက်သူများအတွက် မိမိအိမ်မှာ အလွယ်တကူ လုပ်စားနိုင်တဲ့ သဘာဝ ဖရဲသီး ရေခဲချောင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ဒီရေခဲချောင်းက သဘာဝ ရေခဲချောင်းဖြစ်တာကြောင့် ဆေးသကြားရော၊ အဆီဓာတ်၊ ကယ်လိုရီဓာတ်တို့ လုံးဝ မပါဝင်ပါဘူး။

ပါဝင်ပစ္စည်းများ

  • ဖရဲသီး ပန်းကန်လုံး ၂ လုံးခွဲစာ
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • အစားအစာ ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ နှင်းဆီရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ဖရဲသီးများကို အစေ့ဖယ်ထုတ်ထားလိုက်ပါ။ ထို့နောက် ဖရဲသီး အခွံကို ဖယ်ရှားပြီး ဖရဲသီးအသားများကို အနေတော် အတုံး တုံးထားလိုက်ပါ။

၂။ ဖရဲသီးများကို ဗနီလာ၊ သံပုယိုရည်၊ နှင်းဆီရည်တို့နှင့်အတူ သစ်သီးဖျော်စက်ထဲ ထည့်ဖျော်လိုက်ပါ။ ရရှိလာတဲ့ ဖရဲသီးဖျော်ရည်ကို အရသာ အချိုအပေါ့ မြည်းကြည့်နိုင်ပါတယ်။ လိုအပ်ပါက ဗနီလာနှင့် သံပုယိုရည်တို့ ထပ်ထည့်နိုင်ပါတယ်။

၃။ ရရှိလာတဲ့ ဖရဲသီးဖျော်ရည်ကို ရေခဲချောင်းပုံစံခွက်ထဲ လောင်းထည့်လိုက်ပါ။ ထို့နောက် ရေခဲချောင်း တုတ်ကို အလယ်တည့်တည့်မှာ ထိုးထည့်ပြီးနောက် ရေခဲသေတ္တာထဲတွင် ၃ နာရီ၊ ၄ နာရီခန့် အအေးခံထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သဘာဝဖရဲသီးရေခဲချောင်းလေး ရရှိသွားပါပြီ။

Source: Thespruceeats.com