ဖက်ထုပ်ကြော် ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ ဖက်ထုပ် ကြော်နည်း (၂) မျိုးကို ဝေမျှပေးချင်ပါတယ်။ သက်သပ်လွတ်သမားတွေအတွက် ပဲပြားဖက်ထုပ်ကြော် ကြော်ပြမှာဖြစ်ပြီး ပင်လယ်စာချစ်သူတွေအတွက်တော့ ပုစွန်ဖက်ထုပ်ကြော် ကြော်နည်းကို ဝေမျှပေးသွားပါမယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁ တုံး
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပုစွန် ၁၂၀ ဂရမ်
  • ဟင်းရွက်ဆီ (သို့) နေကြာဆီ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဖက်ထုပ်လိပ်ရန် အသင့်လုပ် ဂျုံပြား ၁ ထုပ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားကို ရေဆေးပြီးနောက် တူညီသော အတုံးငယ်များ တုံးထားလိုက်ပါ။

၂။ ထို့နောက် ပန်းကန်လုံးအကြီးထဲထည့်ကာ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ သကြားတို့နှင့် သမအောင် နယ်ထားလိုက်ပါ။

စာဖတ်သူအနေနဲ့ ပဲပြားဖက်ထုပ်ကြော် မစားချင်ဘူး ပုစွန် ဖက်ထုပ်ကြော်စားချင်တယ်ဆိုရင်တော့ ပဲပြားအစား ပုစွန် ပြောင်းထည့်ပေးရုံပါပဲ။

အဆင့် (၁) အနေနဲ့ ပုစွန်ကို ရေဆေးပြီး အခွံခွာထားပါ။ ပြီးရင် အဆင့် (၂) အနေနဲ့ ပန်းကန်လုံးထဲထည့်ပြီး ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ သကြားတို့နှင့် သမအောင် နယ်ပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဖက်ထုပ်လိပ်ရပါမယ်။ စဉ်းနီတုံးအကြီးပေါ်မှာ ဖက်ထုပ် ဂျုံပြား ၆ ပြားကို အဆင်သင့်ပြင်ထားပါ။ ဂျုံပြားရဲ့ ဘေးဘက်ဘောင်တွေကို ရေဖြင့် ဆွတ်ပေးထားလိုက်ပါ။

၄။ ထို့နောက် အဆင့် (၂) က နယ်ထားသော အစာသွပ်ကို ဂျုံပြား အလယ်တည့်တည့်တွင် ထည့်ပေးလိုက်ပါ။ စာဖတ်သူအနေနဲ့ ပဲပြားအစာသွပ်ဆိုရင် ပဲပြားအစာသွပ်ထည့်ပါ။ ပုစွန်အစာသွပ် ပြင်ထားပါက ပုစွန်အစာသွပ်ထည့်ပါ။

၅။ ထို့နောက် အလယ်တည့်တည့်ကနေ ထက်ဝက်ချိုးလိုက်ပြီး တြိဂံပုံစံ ခေါက်လိုက်ပါ။

၆။ ပြီးရင် တြိဂံရဲ့ အနားနှစ်ဖက်ကို ပုံပါအတိုင်း တစ်ခုနဲ့ တစ်ခု ထပ်ပေးလိုက်ပါ။

၇။ ဒယ်အိုးထဲသို့ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာပါက ဖက်ထုပ်များထည့်ကာ ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်ပေးရပါမယ်။

၈။ ရွှေညိုရောင် ပြောင်းသွားသော ဖက်ထုပ်ကြော်များကို ပန်းကန်ပြားထဲ ဆယ်ထည့်ပြီးနောက် မိမိနှစ်သက်ရာ အချဉ်ရည်ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source : Thespruceeats.com