အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူတို့အနေနဲ့ ပုဇွန်ဆိုရင် အဖြူထည်ကြော်စားတယ်၊ ဆီပြန်ချက်စားတယ်၊ ဒါမှမဟုတ် ငရုတ်သီးနဲ့စပ်စပ်လေးကြော်စားတတ်ကြလားရှင့်။

အခုတခါဖော်ပြပေးမယ့် ပုဇွန်ချက်နည်းလေးကတော့ အရင်တုန်းက ချက်စားခဲ့တဲ့ ပုံစံတွေနဲ့မတူဘဲ မွှေးရနံ့လေးပိုသင်းနေမယ့် ချက်နည်းအသစ်လေးပဲဖြစ်ပါတယ်။

ကြက်သွန်ဖြူကိုစားသုံးခြင်းဟာ အစာခြေစနစ်ကိုကောင်းစေပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာကို အားလုံးသိပြီးသားဖြစ်မှာပါ။ ဒီလိုလူ့ခန္ဓာကိုယ်အတွက်ကောင်းတဲ့ ကြက်သွန်ဖြူကို အခုချက်မယ့် ပုဇွန်ဟင်းလျာလေးထဲမှာ ထည့်ချက်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုရာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ (နုပ်နုပ်စဉ်းပြီး) – ၆ မြွှာ

  • ဇီရာမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ပုဇွန်အကောင်ကြီးကြီး (အခွံခွာပြီး) – ၂၀ ကျပ်သား

ပြင်ဆင်ချက်ပြုတ်ပုံ

၁။ ပန်းကန်လုံးကြီးကြီး တစ်ခုထဲမှာ သံလွင်ဆီ၊ သံပုရာရည်၊ ကြက်သွန်ဖြူ၊ ဇီရာမှုန့်၊ ငရုပ်ကောင်းမှုန့်တို့ကို အားလုံးရောထည့်မွှေပါ။ ပြီးနောက် ပုဇွန်ကိုပါ ထည့်လိုက်ပြီး နှံ့သွားအောင် သေချာနယ်ပေးပါ။

၂။ နှံ့သွားပြီဆိုရင် ခဏဘေးဖယ်ထားပြီး မိနစ် ၂၀ လောက်နှပ်ထားပါ။

၃။ Oven ကို မီးပြင်းပြင်းမှာ အပူပေးထားကာ Oven သုံး ဗန်းထဲမှာ ပုဇွန်တွေကို တစ်ညီတည်းဖြစ်အောင် ဖြန့်လိုက်ပါ။

၄။ Oven အလယ်မှာ ထားလိုက်ပြီး ပန်းရောင်သန်းလာတဲ့အထိ ၃ မိနစ်ကြာ ကင်ပေးပါ။

ပုဇွန်တွေကျက်သွားပြီဆိုရင်တော့ ကြက်သွန်ဖြူနံ့သင်းသင်းလေးနဲ့ ပုဇွန်ဟင်းလျာလေးတစ်ခွက် ရပါပြီ။

Source: shewearsmanyhats.com