အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မြန်မာလူမျိုးတွေနဲ့ သိပ်မစိမ်းတဲ့ ပိန္နဲသီးဟင်း ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။ အစပ် မစားနိုင်သူများ၊ အစပ် မကြိုက်သူများအနေနဲ့ အချိုချက်ပဲ စားချင်တယ်ဆိုရင်တော့ ကိုရီးယားငရုတ်နှစ် ပါဝင်ပစ္စည်းတစ်မျိုးကို ဖယ်လိုက်ရုံပါပဲ။

ပါဝင်ပစ္စည်းများ

  • မမှည့်သေးသော ပိန္နဲသီး ၁၄ အောင်စ
  • ကိုရီးယား ငရုတ်နှစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (နုပ်နုပ်စဉ်းထားပါ)

Source: Jackandfriendsjerky.com

  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (နုပ်နုပ်စဉ်းထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပိန္နဲသီးကို ရေဆေးပြီးနောက် မာကြောသောအူတိုင်ကို ဖယ်ရှားကာ အနေတော်အတုံး လှီးဖြတ်ထားပါ။

ထို့နောက် ခက်ရင်းအသုံးပြုကာ ပိန္နဲသီး အသားနွှာထားလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ လောင်းထည့်ထားပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ငရုတ်နှစ်၊ ပဲငံပြာရည်၊ သကြား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ ငရုတ်သီးဆော့စ်ကို ပိန္နဲသီးပေါ် လောင်းချကာ သမအောင် နယ်လိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ် ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ပိန္နဲသီးရော ငရုတ်သီးဆော့စ်ရော အားလုံး ကုန်စင်အောင် လောင်းထည့်လိုက်ပါ။ ရေ စားပွဲတင်ဇွန်း ၄ ဇွန်းပါ ထပ်ပေါင်းထည့်ပါ။

၄။ ထို့နောက် အလယ်အလတ်မီးအပူချိန်ဖြင့် ၇ မိနစ်မှ ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ပိန္နဲသီးဟင်း စပ်စပ်လေး ရရှိသွားပါပြီ။

မြေပဲဆံအနည်းငယ် ဖြူးထည့်နိုင်သလို သံပုယိုရည် အနည်းငယ် ညှစ်ထည့်နိုင်ပါသေးတယ်။

Source: Fullofplants.com