အဆာပြေမုန့်တွေလုပ်စားချင်တဲ့သူတွေအတွက် အိမ်မှာလွယ်ကူစွာလုပ်စားလို့ရမယ့် Cheese Toast ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်ဖြူ – ၂ တက်နဲ့ ငရုပ်သီးစိမ်း – ၁ တောင့်ကို နုတ်နုတ်ဆင်းပါ။

ထောပတ် – စားပွဲတင်ဇွန်း ၂ ဇွန်းကို ချေထားပေးပါ။

ပြီးရင် ခုနကနုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို ထည့်နယ်ပါ။

နယ်ပြီးရင် ပေါင်မုန့် ၄ ချပ်ကိုယူပြီး သုတ်ပေးပါ။ ၂ ဖက်လုံးမှာ သုတ်ပေးရပါမယ်။

သုတ်ပြီးရင် အပေါ်ကနေ Mozzarella Cheese တွေ များများတင်ပေးပြီး စပ်စပ်လေးစားချင်ရင် ငရုပ်သီးစိမ်းလေး နည်းနည်းဖြူးပေးပါ။

အားလုံးပြီးရင် မုန့်ဖုတ်စက်ထဲ ၅ မိနစ်လောက် ထည့်ထားပေးပါ။ မုန့်ဖုတ်စက်မရှိရင် ဒယ်အိုးထဲကို ထောပတ်နည်းနည်းသုတ်ပြီး ထည့်ကြော်လို့ရပါတယ်။ ကိုယ်အဆင်ပြေသလို လုပ်လို့ရပါတယ်။

ဒါဆိုရင်တော့ Cheese Toast ပြုလုပ်နည်းလေး ပြီးသွားပါပြီ။