အိမ်မှာအားနေတဲ့အချိန်မှာ သရေစာမုန့်ကို အပြင်ကဝယ်မစားပဲ ကိုယ်တိုင်ပဲလုပ်စားကြည့်ပါ။ လုပ်ရတာ အရမ်းမခက်တာမျိုးဆိုရင်တော့ လူတိုင်းအတွက် လုပ်ရတာအဆင်ပြေမှာပါ။ ဒါကြောင့် အိမ်မှာအားနေတဲ့အချိန်လေး ပေါင်မုန့်နဲ့ကြည်ဥကိုသုံးပြီး Homemade Pizza အလွယ်လုပ်စားလို့ရအောင် လုပ်နည်းကိုမျှဝေပေးလိုက်ပါတယ်။

ပေါင်မုန့် ၄ ချပ်ကိုဆင့်ပြီး ဓားနဲ့ အလယ်ကအသားတွေကို လှီးထုတ်လိုက်ပါ။ ဒီမှာတော့ ပေါင်မုန့် ၄ ချပ်သုံးထားပါတယ်။ ကြက်ဥ ၃ လုံးကို ခလောက်ထားပါ။ တကယ်လို့ ကိုယ်က ပေါင်မုန့် ၈ ချပ်လုပ်မယ်ဆိုရင် ကြက်ဥ ၅ လုံး၊ ၆ လုံးလောက် သုံးရမှာပေါ့။ ကိုယ်လုပ်မယ့်ပေါ်မူတည်ပါတယ်။

ပန်းငရုပ်ပွတွေကို နည်းနည်းလှီးထားပါ။ ကြက်ဥချောင်း (သို့) အသားပြားကို နည်းနည်းလှီးထားပါ။ ကြက်သွန်နီ နည်းနည်းလှီးပါ။ အကုန်လုံးကို သေးသေးလေးတွေပဲ လှီးပေးရမှာပါ။ ပြီးတာနဲ့ အားလုံးကိုရောပြီး ဒယ်အိုးထဲကို ဆီနည်းနည်းနဲ့ ထည့်ကြော်ပါ။

ကြော်ပြီးရင် တစ်ဝက်စီ ပုံမှာပြထားတဲ့အတိုင်းလေးခွဲပြီ။ လှီးထားတဲ့ ပေါင်မုန့်ဘေးဘက်အချပ်လေးကို ထည့်လိုက်ပါ။ ဇွန်းအကြီးနဲ့ ကြက်ဥ ၁ ဇွန်းကို ယူပြီး အခွက်ဖြစ်နေတဲ့နေရာလေးထဲကို ထည့်ပါ။ ဆားနည်းနည်း၊ ငရုပ်ကောင်းမှုန့် နည်းနည်းဖြူးပြီး ချိစ်နည်းနည်းတင်လိုက်ပါ။

အလယ်ကလှီးထုတ်ထားတဲ့ ပေါင်မုန့်သားကို အလယ်မှာတင်ပြီး နည်းနည်းဖိချပါ။ ပြီးရင် တစ်ဖက်ကို လှန်လိုက်ပါ။

ခဏပဲထားပြီးရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားလို့ရပါပြီ။ ဒါကတော့ ကိုယ်တိုင်အိမ်မှာပဲ လွယ်လွယ်ကူကူလုပ်စားလို့ရတဲ့ Homemade Pizza လုပ်နည်းလေးပါ။