အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အနောက်တိုင်းအစားအစာတွေကို ကြိုက်နှစ်သက်သူများအတွက် အရသာအလွန်ရှိတဲ့ အီတလီစတိုင်လ် ပုဇွန်ဟင်းလျာချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။
လုပ်နည်းလေးက လွယ်လွယ်လေးနဲ့ အချိန်ခဏလေးပဲပေးရမှာမို့ အခုပဲကြည့်လိုက်ပါဦးနော်။
ပါဝင်ပစ္စည်းများ
- ပုဇွန် (ခပ်ကြီးကြီး) – အကောင် ၃၀
- သံပုရာရည် – စားပွဲတင်ဇွန်း ၃ ဇွန်း
- သံလွင်ဆီ – ခွက် ၂ ပုံ ၁ ပုံ
- နံနံပင် (လှီးပြီးသား) – ခွက် လေးပုံတစ်ပုံ
- ဆား၊ ငရုပ်ကောင်း
ပြင်ဆင်ချက်ပြုတ်ပုံ
၁။ Oven ကို 400F (200C) မှာ အပူပေးပြီး ပုဇွန်တွေကို ခေါင်းဖြုတ် သန့်ရှင်းရေးလုပ်ကာ ဘေးဖယ်ထားပါ။
၂။ သံပုယိုရည်၊ သံလွင်ဆီ၊ နံနံပင်၊ ဆား၊ ငရုတ်ကောင်းတို့ကို ကြိတ်စက်ထဲရောထည့်ကာ ပါဝင်ပစ္စည်းတွေအားလုံး ကြေညက်သွားတဲ့အထိ ကြိတ်ပေးပါ။
၃။ ပုဇွန်တွေကို မုန့်ဖုတ်တဲ့ဗန်းထဲမှာ သေချာစီထည့်ကာ ကြိတ်ချေထားတဲ့ ဆော့စ်တွေလိုက်သုတ်ပေးကာ အပေါ်မှ ငရုတ်ကောင်းနည်းနည်းလေးစီ လိုက်ဖြူးပေးပါ။
၄။ ပြီးရင်တော့ ခန့်မှန်းခြေ ၈ မိနစ်မှ ဆယ်မိနစ်အထိ သို့မဟုတ် ပုဇွန်တွေကျက်သွားတဲ့အထိ ဖုတ်ပေးပါ။
ကျက်သွားပြီဆိုရင်တော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
Credit: anitalianinmykitchen.com