အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယား အစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကင်ချီထမင်းကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်ချီ ပန်းကန်လုံး တစ်လုံးစာခန့် (အနေတော် လှီးဖြတ်ထားပါ)
  • ဝက်သားပြား ၁၅၀ ဂရမ် (အနေတော် တုံးထားပါ)
  • အပ်မှို ၂၀၀ ဂရမ် (အမြစ်ကို ဖယ်ရှားပြီး ရေစင်အောင် ဆေးထားပါ)
  • ထမင်း ပန်းကန်လုံး ၄ လုံးစာခန့်
  • ကြက်ဥ ၄ လုံး

  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ကြက်သွန်မြိတ် အနည်းငယ်
  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက် ဟင်းချက်ဆီ စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို မီးအပူပေးပြီးနောက် ဆီထည့်ကာ ကြက်သွန်ဖြူထည့်လိုက်ပါ။ ထို့နောက် ၁၀ စက္ကန့်ခန့် မွှေပေးရပါမယ်။ ထို့နောက် ဝက်သားများထည့်ကာ ဝက်သားများ ကျက်သွားသည်အထိ ကြော်ပေးလိုက်ပါ။

၂။ ကင်ချီထပ်ထည့်ပြီး စက္ကန့်အနည်းငယ်ခန့် မွှေပေးလိုက်ပါ။

၃။ အပ်မှိုထည့်ပြီး စက္ကန့်အနည်းငယ်ခန့် ထပ်ကြော်ပေးရပါမယ်။ ပြီးရင်တော့ မီးအပူချိန်ကို လျော့ပေးလိုက်ပါ။ (အပ်မှို မထည့်ချင်ဘူးဆိုပါက ဒီအဆင့်ကို ကျော်လိုက်လို့ ရပါတယ်)

၄။ ထမင်းထည့်ကာ ကျန်ရှိနေတဲ့ ကင်ချီအရည်များ ထပ်လောင်းထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

၅။ နှမ်းဆီထည့်ပြီးနောက် သမအောင် ထပ်မွှေပေးလိုက်ပါ။ ပြီးရင်တော့ မီးပိတ်လိုက်လို့ရပါပြီ။

ရရှိလာတဲ ကင်ချီထမင်းကြော်ကို ကြက်ဥ Half-Fried လေးနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။ စားခါနီကျရင်တော့ ကြက်သွန်မြိတ်လေး အနည်းငယ် ဖြူးပေးနိုင်ပါသေးတယ်။

Source: mykoreankitchen.com