အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် အရသာရှိတဲ့ ဝက်သား ကင်ချီထမင်းကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်ချီ ပန်းကန်လုံး ၁ လုံးစာ (၁ လက်မအရွယ်အစားခန့် လှီးဖြတ်ထားပါ)
  • ကင်ချီအရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဝက်ပေါင်ခြောက် ၁၅၀ ဂရမ် (၁ လက်မအရွယ်အစားခန့် လှီးဖြတ်ထားပါ)
  • အပ်မှို ၂၀၀ ဂရမ် (အမြစ်ကို ဖယ်ရှားထားပြီး ရေစင်အောင် ဆေးကြောထားပါ)
  • ထမင်း ပန်းကန်လုံး ၄ လုံးစာ

  • ကြက်ဥ ၄ လုံး (Half-Fried ကြော်ထားပါ)
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်နှင့် ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ကာ ၁၀ စက္ကန့်ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ဝက်ပေါင်ခြောက်ထည့်ကာ ၅၀ ရာခိုင်နှုန်းခန့် ကျက်သွားသည်အထိ ကြော်ပါ။

၃။ ထို့နောက် ကင်ချီထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

၄။ ထို့နောက် အပ်မှိုထည့်ကာ စက္ကန့်အနည်းငယ်ခန့် မွှေကြော်ပါ။ ပြီးရင်တော့ မီးအပူရှိန်ကို လျော့လိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ထမင်း၊ ကင်ချီအရည်တို့ထည့်ကာ သမအောင် ကြော်ပါ။

၆။ နှမ်းဆီထည့်ကာ သမအောင် မွှေပြီးနောက် မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ဝက်သားကင်ချီထမင်းကြော်လေး ရရှိသွားပါပြီ။

ပန်းကန်ပြားထဲထည့်ကာ ကြက်ဥ Half-Fried လေး အုပ်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Mykoreankitchen.com