အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ခေါက်ဆွဲချစ်သူများအတွက် လျှာလည်သွားစေမယ့် ကင်ချီ အမဲသားခေါက်ဆွဲကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲခြောက် ၈ အောင်စ
- ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
- နုပ်နုပ်စဉ်းထားသော အမဲသား ၄ အောင်စ (စာဖတ်သူအနေနဲ့ ဝက်သား (သို့) ကြက်သား စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်)
- ကင်ချီ ပန်းကန်လုံး ၁ လုံးစာ (နုပ်နုပ်စဉ်းထားပါ)
- ပဲပိစပ်အနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆန်ဝိုင် (သို့) ရေ ၆၂ မီလီလီတာ
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
- ချိစ် အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ခေါက်ဆွဲခြောက်ကို ပွက်ပွက်ဆူနေသော ဆားရေထဲတွင် ထည့်ပြုတ်ထားလိုက်ပါ။
ခေါက်ဆွဲပြုတ်နေချိန်တွင် ဒယ်အိုးတစ်လုံးကို အပူပေးပြီး ထောပတ်ထည့်ပါ။ ထောပတ် အရည်ပျော်သွားပါက နုပ်နုပ်စဉ်းထားသော အမဲသားထည့်ပြီး အညိုရောင်ပြောင်းသွားသည်အထိ မွှေကြော်ပေးလိုက်ပါ။
၂။ ထို့နောက် ကင်ချီ၊ ပဲပိစပ်အနှစ်၊ ဆန်ဝိုင် (သို့) ရေ၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ (၄ မိနစ် မပြည့်ခင် ဆော့စ်အရည်က ခမ်းသွားတယ်ဆိုရင် ခေါက်ဆွဲပြုတ်ရည် ၆၀ မီလီလီတာခန့် ထည့်ကြော်ပေးရပါမယ်။)
၃။ ပြီးရင်တော့ ခေါက်ဆွဲထည့်ကာ ကင်ချီ အမဲသားတို့ဖြင့် သမအောင် ရောကြော်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကင်ချီ အမဲသား ခေါက်ဆွဲကြော်လေး ရရှိသွားပါပြီ။
မီးဖိုပေါ်က ချခါနီးကျမှ ချိစ်အနည်းငယ် ဖြူးထည့်ပြီး မြိန်ယှက်စွာသုံးဆောင်နိုင်ပါပြီ။
Source : Seonkyounglongest.com