အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ခေါက်ဆွဲချစ်သူများအတွက် လျှာလည်သွားစေမယ့် ကင်ချီ အမဲသားခေါက်ဆွဲကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲခြောက် ၈ အောင်စ
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော အမဲသား ၄ အောင်စ (စာဖတ်သူအနေနဲ့ ဝက်သား (သို့) ကြက်သား စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်)
  • ကင်ချီ ပန်းကန်လုံး ၁ လုံးစာ (နုပ်နုပ်စဉ်းထားပါ)
  • ပဲပိစပ်အနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ဆန်ဝိုင် (သို့) ရေ ၆၂ မီလီလီတာ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ချိစ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခေါက်ဆွဲခြောက်ကို ပွက်ပွက်ဆူနေသော ဆားရေထဲတွင် ထည့်ပြုတ်ထားလိုက်ပါ။

ခေါက်ဆွဲပြုတ်နေချိန်တွင် ဒယ်အိုးတစ်လုံးကို အပူပေးပြီး ထောပတ်ထည့်ပါ။ ထောပတ် အရည်ပျော်သွားပါက နုပ်နုပ်စဉ်းထားသော အမဲသားထည့်ပြီး အညိုရောင်ပြောင်းသွားသည်အထိ မွှေကြော်ပေးလိုက်ပါ။

၂။ ထို့နောက် ကင်ချီ၊ ပဲပိစပ်အနှစ်၊ ဆန်ဝိုင် (သို့) ရေ၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ (၄ မိနစ် မပြည့်ခင် ဆော့စ်အရည်က ခမ်းသွားတယ်ဆိုရင် ခေါက်ဆွဲပြုတ်ရည် ၆၀ မီလီလီတာခန့် ထည့်ကြော်ပေးရပါမယ်။)

၃။ ပြီးရင်တော့ ခေါက်ဆွဲထည့်ကာ ကင်ချီ အမဲသားတို့ဖြင့် သမအောင် ရောကြော်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကင်ချီ အမဲသား ခေါက်ဆွဲကြော်လေး ရရှိသွားပါပြီ။

မီးဖိုပေါ်က ချခါနီးကျမှ ချိစ်အနည်းငယ် ဖြူးထည့်ပြီး မြိန်ယှက်စွာသုံးဆောင်နိုင်ပါပြီ။

Source : Seonkyounglongest.com