အားလုံးပဲ မင်္ဂလာပါ။ ကြက်သားကို ကြော်စားလိုက်၊ ချက်စားလိုက်နဲ့ ရိုးအီနေပါသလား။ ဒါဆိုရင်တော့ အရသာတစ်မျိုး ထူးခြားနေမယ့် သံပုယိုသီးအရသာထူးကဲထားပြီး လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ ကြက်သားဟင်းလျာကို ပြုလုပ်ကြည့်ဖို့ အကြံပေးပါရစေ။

ပါဝင်ပစ္စည်းများ

  • သံပုယိုသီး ၂ လုံး
  • သံလွင်ဆီ စစ်စစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးအစိမ်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်ကောင်းမုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ကြက်သွန်ဖြူ ၃ မွှာ (ပါးပါးလှီးထားပါ)
  • နံနံပင် လက်တစ်ဆုပ်စာ (သေးနိုင်သမျှ အသေးဆုံးဖြစ်အောင် နုတ်နုတ်စင်းထားပါ)
  • အရိုးမပါသော ကြက်ရင်အုံသား ၄ တုံး (၆ အောင်စမှ ၈ အောင်စခန့်)

ပြုလုပ်နည်းအဆင့်ဆင့်

  • သံပုယိုသီး တစ်လုံးရဲ့ အခွံကို ပန်းကန်လုံးအကြီးထဲ အခွံခွာချလိုက်ပါ။

  • ထို့နောက် ထိုသံပုယိုရည်များကို အစေ့မပါစေဘဲ ထိုပန်းကန်လုံးအကြီးထဲထည့်လိုက်ပါ။ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သံလွင်ဆီ၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူ၊ နံနံပင်နဲ့ ဆားအနည်းငယ်ထည့်ပြီး ဇွန်းလေးနဲ့ မွှေလိုက်ပါ။ ကြက်သားတုံးများကို ထိုပန်းကန်လုံးထဲ ထည့်ပြီး လက်နဲ့ နယ်ပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲမှာ ၁ နာရီကနေ ၂ နာရီခန့် ထည့်ထားလိုက်ပါ။

  • ၁ နာရီ၊ ၂ နာရီခန့် ပြည့်သွားပြီဆိုရင် ဒုတိယအဆင့်အနေနဲ့ ကြက်သားကို စတင်မီးဖုတ်ဖို့အတွက် Oven ကို ၄၀၀ ဒီဂရီ ဖာရင်ဟိုက်အထိ အပူပေးထားပါ။ ထည့်မယ့်လင်ဗန်းနဲ့ အပေါ်က ဖုံးအုပ်မယ့် ဆီစုပ်စက္ကူပေါ်ကို သံလွင်ဆီသုတ်လိမ်းလိုက်ပါ။ ကြက်သားများကို အစီအရီထည့်ပြီး ကြက်သားသိပ်ထားတဲ့အရည်များပါ လောင်းထည့်လိုက်ပါ။ ကျန်တဲ့ သံပုယိုသီး တစ်လုံးကိုတော့ အစေ့များဖယ်ပြီး လေးစိတ်၊ ငါးစိတ်လောက်စိတ်ကာ ကြက်သားနဲ့ တစ်ပါတည်းထည့်လိုက်ပါ။ ကြက်သားကို ဖုံးအုပ်လိုက်ပြီး မီးဖိုထဲ ထည့်ကာ အပူချိန်ကို ၁၆၅ ဒီဂရီ ပြန်လျော့ချလိုက်ပါ။ ၃၅ မိနစ်ကနေ မိနစ် ၄၀ ကြာ မီးဖုတ်ပါ။

  • ထို့နောက် လင်ဗန်းကို အပြင်ထုတ်ပြီး ၁၀ မိနစ်ခန့် အအေးခံလိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ ကြက်သားကို မိမိကြိုက်နှစ်သက်တဲ့ အတုံးအရွယ်အစား လှီးလိုက်မယ်ဆိုရင်တော့ အရသာဆန်းသစ်တဲ့ သံပုယိုသီး ကြက်သားမီးဖုတ်ကို သုံးဆောင်နိုင်ပါပြီ။

Photo Source: www.inspiredtaste.net