အခုကသရက်သီးပေါ်ချိန်လေးဆိုတော့ အိမ်မှာအလွယ်တကူလုပ်စားလို့ရအောင် သရက်သီးရေခဲမုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းလေးမျိုးထဲနဲ့ပြုလုပ်ရတာဖြစ်လို့ Blender ရှိနေရင် အဆင်ပြေနေပါပြီ။ လုပ်ရတာလည်း အရမ်းလွယ်ကူရိုးရှင်းပြီး အချိန်လည်းအများကြီးပေးစရာမလိုတဲ့အတွက် လူတိုင်းလိုက်လုပ်နိုင်မှာသေချာပါတယ်။

သရက်သီးရေခဲမုန့်ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းလေးမျိုးကတော့ Greek Yogurt – ၁၂၀ မီလီလီတာ၊ ပျားရည် – ၆၀ မီလီလီတာ၊ သံပုရာရည် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ လတ်ဆတ်တဲ့သရက်သီး ၂ လုံးတို့လိုအပ်ပါတယ်။

Source: www.youtube.com

စတင်ပြုလုပ်ဖို့အတွက် သရက်သီး ၂ လုံးကိုအခွံခွာကာ အတုံးသေးသေးလေးတွေလှီးပြီး ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ လောက်ထည့်ထားလိုက်ပါ။ ပြီးရင် Blender ထဲကို Greek Yogurt ထည့်ပြီး ပျားရည်နဲ့ သံပုရာရည်ညှစ်ထည့်ပါ။ နောက်ဆုံးမှာတော့ ရေခဲသေတ္တာထဲကသရက်သီးကို Blender ထဲထည့်ပြီး မွှေလိုက်ပါ။

Source: www.youtube.com

Blender နဲ့သေချာမွှေပေးပြီးတဲ့အခါမှာတော့ ဘူး (သို့) ကိုယ့်ကြိုက်နှစ်သက်ရာတစ်ခုခုကိုယူပြီး မွှေထားတာတွေကိုထည့်ပေးပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ တစ်နာရီ (သို့) တစ်နာရီခွဲကြာအောင် ထည့်ထားလိုက်ပါ။

Source: www.youtube.com

အချိန်ပြည့်သွားတဲ့အခါမှာတော့ အသင့်စားသုံးနိုင်တဲ့ သရက်သီးရေခဲမုန့်ကို ပန်းကန်ထဲထည့်ပြီး စားလို့ရပါပြီ။