သရက်သီးနဲ့ပတ်သတ်တာလေးတွေက မိုးတွင်းဖြစ်တဲ့ သရက်သီးပေါ်ချိန်လေးမှာပဲ လုပ်စားလို့ရတာဖြစ်တဲ့အတွက် သရက်သီးနဲ့ပတ်သတ်တဲ့ မုန့်လုပ်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အိမ်မှာလွယ်လွယ်ကူကူဖျော်သောက်လို့ရအောင် အရသာရှိတဲ့ သရက်သီး Smoothie ကောင်းတစ်ခွက် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

သရက်သီး Smoothie ကောင်းတစ်ခွက်ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ သရက်သီး၊ ငှက်ပျောသီး၊ အဆီထုတ်ပြီးသားနွားနို့ (Low Fat Milk) နဲ့ Greek Yogurt လို့ခေါ်တဲ့ ဒိန်ချဉ်တစ်မျိုးတို့ လိုအပ်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် သရက်သီးနှစ်လုံးကို အခွံခွာပြီး အတုံးလေးတွေတုံးကာ ရေခဲသေတ္တာထဲမှာ အေးခဲသွားအောင် အအေးခံထည့်ထားပါ။ ငှက်ပျောသီးတစ်ဝက်ကိုလည်း အခွံခွာပြီး အေးခဲသွားအောင် ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ Blender ထဲကို သရက်သီးနဲ့ ငှက်ပျောသီးထည့်ပါ။ Greek Yogurt – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ နွားနို့ – စားပွဲတင်ဇွန်း ၃ ဇွန်းစာထည့်ပြီး မွှေပေးပါ။

မွှေပြီးတာနဲ့ ကိုယ်သောက်မယ့်ခွက်ထဲထည့်ပြီး အသင့်သောက်သုံးနိုင်တဲ့ သရက်သီး Smoothie ကိုရရှိသွားပါပြီ။

Photo Source: www.laurainthekitche.com