အားလုံးပဲ မင်္ဂလာပါ။ အရသာရှိတဲ့အစားအသောက်ပြုလုပ်နည်းတွေကို ဝေမျှပေးတဲ့ MyStyle Myanmar ကနေ ဒီတစ်ခါမှာ ဆက်လက်ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ အမဲသား ဝက်သားလုံးကြော်ပြုလုပ်နည်းပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- အမဲသား ၁ ပေါင်ခန့်
- ဝက်သား ၁ ပေါင်ခန့်
- ပေါင်မုန့် အကြေအစအနည်းငယ်၊ နွားနို့ အနည်းငယ်
- ကြက်သွန်နီ တစ်ခြမ်း (နုပ်နုပ်စဉ်းထားပါ)
- ကြက်သွန်ဖြူ အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
- ကြက်ဥ ၁ လုံး
- နံနံပင် အနည်းငယ်၊ ချိစ် အနည်းငယ်
- ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။
၂။ ဇလုံတစ်လုံးထဲတွင် ပါဝင်ပစ္စည်းများ အားလုံးကို ရောထည့်ပြီးနောက် သမအောင် နယ်ဖတ်လိုက်ပါ။
၃။ ထို့နောက် အသားများကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲစာခန့် ခပ်ယူပြီးတဲ့နောက် အသားလုံးများဖြစ်သွားအောင် လုံးလိုက်ပါ။
၄။ ထို့နောက် Oven ထဲထည့်မယ့် လင်ဗန်းပေါ် တင်ထားလိုက်ပြီးနောက် Oven ထဲတွင် မိနစ် ၂၀ ခန့် ထည့်ထားလိုက်ပါ။
အချိန်ပြည့်ပါက အသားလုံးများကို Oven ထဲကထုတ်ယူလိုက်ပါ။ ဒါဆိုရင်တော့ စားချင်စဖွယ်ကောင်းတဲ့ အမဲသား ဝက်သားလုံးကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်တစ်မျိုးမျိုးဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။
Source: spendwithpennies.com