နွေရာသီလည်း ရောက်လာပြီဆိုတော့ အအေးစာလေးတွေ တောင့်တမိကြမှာပဲနော်။ အအေးစာထဲမှာတော့ ရေခဲမုန့်က စားလို့အကောင်းဆုံးပါပဲ။ ဒါဆိုရင် ချောကလက်ရေခဲမုန့်ကို အိမ်မှာပဲ ဘယ်လိုလုပ်စားကြမလဲဆိုတာ လေ့လာလိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ

  • နွားနို့ ဖန်ခွက် တစ်ခွက်ခွဲခန့် (၃၇၅ မီလီလီတာခန့်)
  • ဟဲဗီးခရင်မ် ခွက် ၂ ခွက်စာ (၄၀၂ ဂရမ်)
  • ကိုးကိုးမှုန့် ဖန်ခွက် တစ်ဝက်စာ
  • သကြား ဖန်ခွက် တစ်ခွက်ခန့်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အရင်ဦးဆုံး နွားနို့၊ ကိုးကိုးမှုန့်နဲ့ သကြားတို့ကို ခပ်ပြင်းပြင်းလေး မွှေခလောက်ထားပါ။

၂။ ခရင်မ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

၃။ ရေခဲခံသေတ္တာ (Freezer) ထဲမထည့်ခင် ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ခန့် အအေးခံထားရပါမယ်။ ဒါမှ ရေခဲမုန့် မြန်မြန်အေးမှာပဲဖြစ်ပါတယ်။

၄။ မိနစ် ၃၀ ပြည့်တဲ့အခါ ရေခဲသေတ္တာထဲကထုတ်ပြီး ဖြည်းညှင်းစွာ ထပ်မွှေပေးလိုက်ပါ။ ပြီးမှ Freezer ထဲထည့်ပြီး ၃ နာရီကြာ အအေးခံထားလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ ရင်ကို အေးမြသွားစေမယ့် ချောကလက်ရေခဲမုန့်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: thespruceeats.com