အားလုံးပဲ မင်္ဂလာပါ။ အရသာရှိတဲ့ အာလူးကြော် ကြော်ဖို့အတွက် ဆီပူ မီးပူ ခံစရာမလိုတော့ပါဘူး။ Oven တစ်လုံး ရှိရုံနဲ့တင် Oven ထဲ ထည့်ထားပြီး အရသာရှိတဲ့ အာလူးကြော်ကို အလွယ်လေး ကြော်နိုင်ပါပြီ။

ပါဝင်ပစ္စည်းများ

  • ဟင်းချက်စပရေးဘူး ၁ ဘူး
  • အာလူး ၅ လုံး (လက်မဝက်အထူ အချောင်းရှည်ရှည် လှီးဖြတ်ထားပါ)
  • ဟင်းခပ်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း (ဆား၊ ငရုတ်ကောင်းမှုန့်၊ မဆလာနှင့် အခြားဟင်းခပ်အမွှေးအကြိုင်များကို ရောနှောထားလိုက်ပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ထဲ ထည့်မယ့်လင်ဗန်းကို ဟင်းချက်စပရေးဘူးဖြင့် ဖြန်းထားလိုက်ပါ။ Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ အာလူးကို ဟင်းခပ်အမွှေးအကြိုက်များဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။

၃။ ထို့နောက် လင်ဗန်းပေါ်တွင် အာလူးများကို အစီအရီဖြန့်ကျက်ထားလိုက်ပါ။ ပြီးရင်တော့ Oven ထဲမှာ မိနစ် ၂၀ မှ မိနစ် ၃၀ ခန့်အထိ ထည့်ထားလိုက်ပါ။

၁၀ မိနစ်ကြာတိုင်း အာလူးချောင်းများကို တစ်ကြိမ်စီ လှန်ပေးရပါမယ်။ ဒါမှ အာလူးအရောင်က ညီညီညာညာလေး ဖြစ်နေမှာပါ။

၄။ အာလူးက အညိုရောင်ပြောင်းသွားပြီး ကြွပ်ရွသွားတဲ့နောက်မှာတော့ Oven ထဲက ထုတ်လိုက်လို့ရပါပြီ။

ရရှိလာတဲ့ အာလူးချောင်းကြော်ကို မိမိကြိုက်နှစ်သက်ရာ အချဉ်ရည် ဆော့စ်တို့ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Thespruceeats.com