ရေခဲကြိုက်တဲ့သူတွေအတွက် အရသာရှိတဲ့ Peanut Butter ရေခဲမုန့်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ တခြားရေခဲမုန့်တွေဆိုရင် ခဏခဏစားနေရတာဆိုတော့ နည်းနည်းထူးဆန်းတာလေး ကိုယ်တိုင်လုပ်စားကြည့်လို့တာပေါ့။

ပန်းကန်လုံးအကြီးထဲကို Heavy Cream – 480 ml ထည့်ပြီး မွှေစက်နဲ့မွှေပေးပါ။

လုံးဝပျစ်သွားပြီဆိုရင် နို့ဆီ – 400 g ထည့်ပြီး Peanut Butter – 250 g ထည့်ကာ ထပ်မွှေပါ။

သေချာမွှေပြီးသွားရင် မြေပဲတွေကိုလှီးထည့်ပြီး နယ်လိုက်ပါ။

သေချာသမအောင်နယ်ပြီးရင် Pan (သို့) ခွက်တစ်ခုခုထဲကိုထည့်ပြီး အပေါ်ကနေ မြေပဲနည်းနည်း ထပ်ဖြူးလိုက်ပါ။ မဖြူးချင်လည်း ရပါတယ်။ ပြီးတာနဲ့ ပလတ်စတစ်နဲ့ဖုံးပိတ်ပြီး ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၆ နာရီကြာ ထည့်ထားပေးပါ။

အချိန်ပြည့်ရင် စားလို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Peanut Butter လုပ်နည်း ပြီးသွားပါပြီ။

Source: www.thecookingfoodie