အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သား (၃) ထပ်သားနဲ့ မှို ထမင်းကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- မှို တစ်ခွက်
- ဝက်သား (၃) ထပ်သား အနည်းငယ (ပါးပါးလှီးပါ)
- ဆီ
- ဂျင်း ၃ ပြားခန့်
- ဝိုင်အနည်းငယ်
- ပဲငံပြာရည် ကြည် စားပွဲတင်ဇွန်း ၃ ဇွန်း
- ပဲငံပြာရည်အနှောက်အနည်းငယ်
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆား၊ ကြက်သွန်မြိတ် အနည်းငယ်
- ထမင်း
ပြုလုပ်နည်း
မှိုအခြောက်သုံးမယ်ဆိုရင် ရေနွေးနဲ့ ၂ နာရီလောက်စိမ်ထားရပါမယ်။ အစိုကိုသုံးမယ်ဆိုလည်းရပါတယ်။
ဝက်သားကိုလည်း ပါးပါးလှီးလိုက်ပါ။
ဆီကိုအပူပေးလိုက်ပြီး ဂျင်းအရင်ကြော်လိုက်ပါ။ အနံ့လေးမွှေးလာရင် ဝက်သားထည့်လိုက်ပါ။
မှိုထည့်လိုက်ပါ။
ဝိုင်၊ ပဲငံပြာရည် အကြည်၊အနှောက်၊ သကြား၊ ဆား၊ရေ အနည်းငယ် ထည့်လိုက်ပါ။ ရေပျစ်တာအနေတော်လောက်ရပြီဆိုရင်တော့ ရပါပြီနော်။
ထမင်းကိုထည့်လိုက်ပြီး ဆားနည်းနည်းထည့်လိုက်ပါ။
သေချာလေး မွှေပေးလိုက်ပြီး ထမင်းကို နည်းနည်းခြောက်အောင်ကြော်ပေးလိုက်ရင် ရပါပြီနော်။ ချခါနီးကျရင် ကြက်သွန်မြိတ်ထည့်လိုက်ပါ။
Source: www.thewokoflife.com
By: MyFood Myanmar