အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်ဥဟင်းနဲ့ အာလူးဟင်း စားရတာကို ငြီးငွေ့နေကြတဲ့သူတွေအတွက် အာလူးကြက်ဥသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၇ လုံး
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူးပြုတ်ရန်
  • ကြက်သွန်နီ တစ်လုံး (ပါးပါးလှီးထားပါ)
  • ကြက်ဥပြုတ် ၂ လုံး (အခွံခွာထားပါ)
  • သခွားသီး ဆားရေစိမ် တစ်လုံး (အတုံးသေးသေး တုံးထားပါ)

  • မိရောနိစ် အနည်းငယ်
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း သုံးဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • တရုတ်နံနံနှင့် နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေနှင့် ဆားတို့ထည့်ကာ အာလူးများကို ပြုတ်လိုက်ပါ။ အာလူးများ နူးအိသွားပါက ရေအေးထဲထည့်ပြီး အအေးခံထားလိုက်ပါ။

၂။ ထိုကဲ့သို့ အအေးခံထားချိန်မှာ ကြက်သွန်နီကို နုပ်နုပ်စဉ်းထားပါ။ ကြက်ဥကိုလည်း လှီးထားပါ။

၃။ အာလူးများ အေးသွားပါက အနေတော်အတုံးများ လှီးဖြတ်လိုက်ပါ။ ထို့နောက် ကြက်သွန်နီ၊ ကြက်ဥပြုတ်၊ နံနံပင်၊ မိရောနိစ်၊ ရှာလကာရည်၊ တရုတ်နံနံ၊ နံနံပင်၊ သခွားသီး ဆားရေစိမ်၊ သကြား၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

၄။ ထို့နောက် အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။ လိုအပ်ပါက ဆား ထပ်ထည့်ပေးနိုင်ပါတယ်။

အာလူး ကြက်ဥသုပ်ကို တစ်ခါတည်းမှာပဲ ကုန်အောင် မစားနိုင်ဘူးဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားနိုင်ပါတယ်။

စားခါနီးကျမှ နံနံပင်ထည့်ပြီး အလှဆင်ပေးလိုက်လို့ရပါသေးတယ်။

Source: Couponclippingcook.com