ပီဇာကြိုက်တဲ့သူတွေနဲ့ ပီဇာလုပ်စားချင်နေသူများအတွက် အိမ်မှာ အလွယ်တကူလုပ်စားလို့ရအောင် ပေါင်မုန့်နဲ့ အရသာရှိတဲ့ပီဇာ အလွယ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းကလည်း ပေါင်မုန့်၊ ပီဇာဆော့စ်၊ Mozzarella Cheese နဲ့ အသားပြားပဲ လိုပါတယ်။

လုပ်ရမယ့်ပုံစံကတော့ အရင်ဆုံး ပေါင်မုန့်တစ်ချပ်ကိုယူပြီး ပီဇာဆော့စ် တွေ သုတ်ပေးပါ။ များများလေးသုတ်ပေးပါ။

အပေါ်ကနေ Mozzarella Cheese တွေတင်ပါမယ်။ များများလေးတင်ပေးပါ။ Cheese များလေ စားလို့ကောင်းလေပါပဲနော်။

အပေါ်ကနေ အသားပြား ၄ ပြားတင်ပေးပြီး အသားပြားကြားလေးတွေမှာ ချိစ်တွေ နည်းနည်းစီ ထပ်ထည့်ပေးပါ။

နံနံပင်အခြောက်လေးတွေရှိရင် အနံ့မွှေးအောင် အပေါ်ကနေ ဖြူးပေးပါ။

အားလုံးပြီးပြီဆိုရင်တော့ Microwave ထဲ ၅ မိနစ်လောက် ထည့်ထားပါ။ Microwave မရှိရင် အိုးထဲ ၇ မိနစ်လောက် ထည့်ပေါင်းလိုက်ရင် ရပါတယ်။

Source: www.easyoeasypan