အိမ်မှာ ကိုယ်တိုင်ဖက်ထုပ်လုပ်စားချင်တဲ့သူတွေအတွက် ဝက်သားဖက်ထုပ်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာမခက်ပါဘူး။ လွယ်ကူတဲ့အတွက် လူတိုင်းလုပ်တတ်မှာပါ။

နုတ်နုတ်ဆင်းထားတဲ့ဝက်သား – ၁၅၀ ဂရမ်ကို ပန်းကန်လုံးထဲထည့်ပါ။ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်စာ၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး နယ်ပါ။ ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း တစ်ဝက်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ၊ ထောင်းထားတဲ့ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာတို့ကို ထည့်ပါ။

နုတ်နုတ်ဆင်းထားတဲ့ ဂေါ်ဖီ – ၂၀၀ ဂရမ်၊ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်မြိတ် – အနည်းငယ်တို့ကို ရောထည့်ပြီး သမအောင်နယ်ပါမယ်။

သေချာသမအောင်နယ်ပြီးရင် ဖတ်ထုပ်လုပ်တဲ့အဖတ်ကိုယူပြီး ဇွန်းနဲ့ခပ်ကာ တစ်ဇွန်းထည့်ပြီး ဖတ်ထုပ်ထုပ်ပါမယ်။

ဒယ်အိုးထဲကို ရေနည်းနည်းထည့်ပြီး ဖတ်ထုပ်တွေထည့်ပါ။ ပြီးတာနဲ့ slurry – ၈၀ မီလီလီတာထည့်ပြီး အဖုံးပိတ်ကာ ခဏတည်ထားပါ။ ခဏနေရင် နှမ်းဆီ – အနည်းငယ်ထည့်ပြီး ပန်းကန်ထဲခူးထုတ်လို့ရပါပြီ။

နောက်ဆုံးမှာတော့ ကိုယ်နှစ်သက်ရာအချဉ်နဲ့ တို့စားနိုင်ပါပြီ။ ဒါဆိုရင်တော့ ဝက်သားဖက်ထုပ်လုပ်နည်း ပြီးသွားပါပြီ။

Source: www.tasty