အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပုဇွန်ကြော်ကို ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးနဲ့ ဘယ်လိုကြော်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
ကြက်သွန်မြိတ်၊ ဂျင်းနံ့ မွှေးမွှေးလေးနဲ့မို့ အနံ့လေးရတာနဲ့ကို စားချင်စဖွယ်ဖြစ်နေမှာပါ။
ပါဝင်ပစ္စည်း
- ပုဇွန် ၁၂ ကောင် (အခွံခွာလိုက်ပြီး အညစ်အကြေးထုတ်ကာ ရေသေချာဆေးလိုက်ပါ)
- ကြက်သွန်မြိတ် ၂ ပင် (ရေဆေးပြီး အရှည်လိုက်လှီးလိုက်ပါ)
- ဂျင်း ၂ လက်မခန့် တစ်စိတ် (ပါးပါးလှီးပါ)
- ငရုတ်သီးခြောက် ၁ တောင့်
- ဆီ
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ဆားအနည်းငယ်
- ဝိုင်အနည်းငယ်
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
အိုးကိုအပူပေးပြီး ဆီထည့်ပါ။ ဂျင်းထည့်လိုက်ပြီးမွှေပေးလိုက်ပါ။
ပုဇွန်ထည့်လိုက်ပြီးသေချာမွှေပေးပါ။ အဲဒီနောက် ငရုတ်သီးခြောက်နဲ့ ကြက်သွန်မြိတ်ထည့်လိုက်ပါ။ သေချာမွှေပေးလိုက်ပြီး ဝိုင်ထည့်လိုက်ပါ။ အဲဒီနောက် စက္ကန့် ၃၀ လောက်ထားလိုက်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်ထည့်လိုက်ပါ။ သေချာမွှေပေးပြီး အနံ့လေးမွှေးတက်လာရင် မီးဖိုပေါ်ကချပြီး သုံးဆောင်နိုင်ပါပြီနော်။
Source: www.thewokoflife.com
By: MyFood Myanmar