အားလုံးပဲ မင်္ဂလာပါ။ အခုဖော်ပြပေးမယ့် နန်းကြီးသုပ်ပြုလုပ်နည်းက အိမ်ချက်ဖြစ်တဲ့အတွက်ကြောင့် အလွယ်စား ပြုလုပ်နည်းကိုပဲ ဝေမျှပေးသွားမှာဖြစ်ပါတယ်။

ဒီနန်းကြီးသုပ် ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ …

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲအလုံးကြီး တစ်ထုပ်
  • ကြက်သွန်မြိတ် ၁ ပင် (ရေဆေးပြီး ပါးပါးလှီးထားပါ)
  • နှမ်းစေ့ စားပွဲတင်ဇွန်း တစ်ဇွန်းစာခန့်

နှမ်းဆီဆော့စ် ပြုလုပ်ရန်လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နှမ်းနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အလတ်ဆိုဒ် အိုးတစ်လုံးကို အပူပေးပြီးနောက် ရေထည့်ကာ ဆူပွက်လာအောင် တည်ထားပါ။ ဆူပွက်လာပါက ခေါက်ဆွဲထည့်ကာ နူးအိပျော့ပျောင်းသွားအောင် တည်လိုက်ပါ။ ခေါက်ဆွဲလုံးများ ကျက်သွားပါက အိုးထဲမှ ဆယ်ယူလိုက်ပြီး ရေခဲရေထဲသို့ ချက်ချင်းပြောင်းထည့်ကာ အအေးခံထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် နှမ်းနှစ်၊ ပဲငံပြာရည်၊ ရေ၊ နှမ်းဆီ၊ ဆန်ရှာလကာရည်၊ ငရုတ်နှစ်နှင့် သကြားတို့ကို သမအောင် မွှေခလောက်ပေးလိုက်ပါ။

၃။ ရေခဲရေထဲ စိမ်ထားသော ခေါက်ဆွဲများ အေးသွားပါက ပန်းကန်လုံးထဲသို့ ပြောင်းထည့်လိုက်ပါ။ ထို့နောက် စောစောက မွှေခလောက်ထားသော နှမ်းဆီဆော့စ်ကို ခေါက်ဆွဲပေါ်သို့ လောင်းထည့်လိုက်ပါ။ ကြက်သွန်မြိတ်နှင့် နှမ်းစေ့များ ဖြူးထည့်ပြီးတဲ့နောက်မှာတော့ သမအောင် နယ်ဖတ်ပေးလိုက်ပါ။

၄။ ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အိမ်လုပ်နန်းကြီးသုပ်လေး ရရှိသွားပါပြီ။ ကြက်ဥပြုတ်အစိပ်ငယ်များ၊ မြေပဲဆံများ၊ သံပုယိုသီးစိပ်များ စတဲ့ အစားအစာများဖြင့် မိမိကြိုက်နှစ်သက်သလို အလှဆင်ကာ အားရပါးရသုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com