အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ အရသာထူးကဲကောင်းမွန်တဲ့ ပုစွန် ခေါက်ဆွဲကြော် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲခြောက် ၂၀၀ ဂရမ်
  • ပုစွန် ၂၅၆ ဂရမ်
  • မြေပဲဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ပွအစိမ်း တစ်လုံး (ပါးပါးလှီးထားပါ)
  • ဂျင်း တစ်တုံး (နုပ်နုပ်စဉ်းထားပါ)

  • ကြက်သွန်မြိတ် ၁ ပင် (နုပ်နုပ်စဉ်းထားပါ)
  • လှော်ထားသော မြေပဲ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးတောင့် အခြောက် ၅ တောင့်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် (သို့) ရေ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို အခွံချွတ်ပြီးနောက် ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနှောက်၊ သကြား၊ ပြောင်းမှုန့်၊ ရှာလကာရည်၊ နှမ်းဆီနှင့် ကြက်ပြုတ်ရည်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ အနည်းငယ်ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ငရုတ်သီး အခြောက်တို့ထည့်ကာ ၃ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။

၄။ ပြီးရင်တော့ ပါးပါးလှီးထားသော ငရုတ်ပွထည့်ကာ ပျော့အိသွားသည်ထိ မွှေပေးရပါမယ်။ ထို့နောက် ပုစွန်ထည့်ပါ။ အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်တို့ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

၅။ မြေပဲထည့်ပြီးနောက် သမအောင်မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

၆။ ခေါက်ဆွဲကို ရေနွေးဖြင့် ၅ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် ခေါက်ဆွဲများကို ဆယ်ယူထားလိုက်ပါ။

၇။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ခေါက်ဆွဲထည့်ကြော်ပါ။ ထို့နောက် ချက်ထားသော ပုစွန်ထည့်ပါ။ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပုစွန် ခေါက်ဆွဲကြော်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com