ထမင်းကို ဟင်းနဲ့မစားချင်ရင် တစ်ခါတစ်လေမှာ ထမင်းကြော်စားလေ့ရှိကြမှာပေါ့။ ထမင်းကြော်စားရင်လည်း အသီးအရွက်နဲ့ကြော်တာ၊ ကြက်သားနဲ့ကြော်တာတွေက ရိုးနေပါပြီ။ ဒါကြောင့် ပုစွန်၊ ကြက်ဥ၊ ထောပတ်တို့နဲ့ အရသာရှိရှိလေးကြော်စားလို့ရအောင် ပုစွန်ထမင်းကြော် ကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။

ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ပုစွန်ထည့်၊ ဆားနည်းနည်းထည့်ပြီး ပုစွန်ကို အရင်ကြော်ထားပါမယ်။

ပုစွန်အရောင်ပြောင်းပြီဆိုရင်တော့ ထောပတ် ထည့်ပြီး မွှေပေးပါ။

ထောပတ် အရည်ပျော်သွားပြီဆိုတာနဲ့ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်းတစ်ဇွန်းစာ ထည့်ပြီးမွှေပါ။

ခဏနေရင် ကြက်သွန်မြိတ် နည်းနည်းလှီးထည့်ပြီးမွှေပါ။

ခဏနေရင်တော့ ထမင်း ပန်းကန်လုံးတစ်လုံစာကို ထည့်ပြီး သမအောင်မွှေပါ။

မွှေပြီးခဏနေလောက်ကျရင် ကြော်ထားတာတွေကို ဘေးဘက်တစ်ခြမ်းကပ်ထားလိုက်ပါ။ လွတ်နေတဲ့ ဘေးတစ်ခြမ်းဘက်ကို ဆီနည်းနည်းထည့်ပြီး ကြက်ဥ ၂ လုံးဖောက်ထည့်ပါ။

ကြက်ဥတွေကို ကြေသွားအောင်သာ မွှေလိုက်ပါ။

ခုနကကြော်ထားတဲ့ ထမင်းနဲ့သမသွားအောင် ရောမွှေလိုက်ပါ။

သေချာသမအောင်မွှေပြီးရင် ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ ဆား – အနည်းငယ်နဲ့ ကြက်သွန်ဖြူမှုန့် – အနည်းငယ်ထည့်၊ ထောပတ် နည်းနည်းထပ်ထည့်ပြီး မွှေပေးပါ။

သေချာသမအောင်မွှေပေးပြီး ခဏနေရင်တော့ ပန်းကန်ထဲ ခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ထမင်းကြော်ကို ရရှိသွားပါပြီ။

Source: www.easypeasypan