ပင်လယ်စာကြိုက်နှစ်သက်သူတွေကတော့ အီတလီပုံစံ Shrimp Scampi Pasta လေးကို ကြိုက်နှစ်သက်ကြမှာပါ။

မြန်မာတွေရဲ့ အရသာနဲ့လည်း ကိုက်ညီပြီးချက်ရပြုတ်ရတာလဲ လွယ်ကူရိုးရှင်းပါတယ်။

ပါဝင်ပစ္စည်းများ

Spaghetti 0.5 ပေါင်

ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

ကြက်သွန်ဖြူ ၆ မွှာ

တစ်နေ့ကို ကြက်သွန်ဖြူတစ်မွှာ စားရင် ဘာတွေဖြစ်မလဲ။

ပုစွန်အသေး ၁၅ ကောင်

ဝိုင်ဖြူ ၁ခွက်

သံပုရာ ရည် ၁ ခွက်

နံနံပင် လက်တစ်စုပ်စာ

ဆားနဲ့ ငရုတ်ကောင်း

ပြုလုပ်နည်း

ခေါက်ဆွဲပြုတ်ဖို့ အိုးတစ်အိုးထဲကို ရေထည့်ပြီး မီးဖိုပေါ်တင်ထားပါ။ ရေပွက်ပွက်ဆူလာရင် ခေါက်ဆွဲထည့်ပြီး မွှေပါ။ ခေါက်ဆွဲတွေကွဲလာပြီး ၇ မိနစ်ကနေ ၉ မိနစ်လောက်ကြာရင် ပျော့လာပါလိမ့်မယ်။

ခေါက်ဆွဲကို ဆယ်ပြီး ရေအေးနဲ့စိမ်ပြီး ဘေးဖယ်ထားပါ။ ခုနက ခေါက်ဆွဲပြုတ်ထားတဲ့အရည် တစ်ခွက်စာကို ဖယ်ထားပါ။

ဒယ်အိုးထဲကို သံလွင်ဆီထည့်ပြီး ဆူလာရင် ထောပတ်ထည့်ပါ။ မီးကို အလယ်အလတ်လောက်ဘဲထားပါ။ ကြက်သွန်ဖြူ နဲ့ဆီသပ်လိုက်ပါ။

ပုစွန်ကို ဆားနဲ့ ငရုတ်ကောင်းနဲ့နယ်လိုက်ပြီး ဒယ်အိုးထဲထည့်ကာ ကျော်ပါ။ ပန်းရောင်သန်းပြီး ကျက်သွားရင် ပုစွန်တွေကို ဖယ်လိုက်ပါ။

ဒယ်အိုးထဲကို ဝိုင်ကိုထည့်ပြီး အပူပေးကာ သံပုရာသီးကို ညှစ်ထည့်ပါ။ ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကို ထည့်ပါ။

ပုစွန်ကို ဒယ်အိုးထဲပြန်ထည့်ပြီး အိုးထဲမှာရှိနေတဲ့ အနှစ်တွေနဲ့ မွှေလိုက်ပါ။ ပြုတ်ထားတဲ့ ခေါက်ဆွဲကိုလည်း ဒယ်အိုးထဲထည့်ပြီး ရေအနည်းငယ်ထည့်ကာ အနှစ်တွေနဲ့ မွှေပြီး ရေကုန်သွားအောင် ပြန်တည်ပါ။

ကဲ အရသာရှိတဲ့ အီတလီစတိုင် Shrimp Scampi Pasta ကို စားလို့ရပါပြီ။

လွယ်ကူရိုးရှင်းတဲ့ ပုစွန်နဲ့ လုပ်ထားတဲ့ Shrimp Scampi Pasta လေး လုပ်စားရအောင်