ထမင်းကြော် ကြိုက်နှစ်သက်သူများအတွက် ပူပူနွေးနွေးလေးနဲ့ အရသာရှိရှိ သုံးဆောင်နိုင်မယ့် ဝက်ပေါင်ခြောက် ထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • ဝက်ပေါင်ခြောက် ၁၂ အောင်စ (တစ်လက်မပတ်လည်အတုံး တုံးထားပါ)
  • ထမင်း ပန်းကန်လုံး ၄ လုံးစာ
  • ကြက်ဥ ၄ လုံး (မွှေခလောက်ထားပါ)
  • ပဲလုံးစိမ်း ပန်းကန်လုံးတစ်ဝက်စာ

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ထောပတ် (သို့) နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း နှင့် ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ခရုဆီနှင့် ကြက်သွန်ဖြူတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်ဥထည့်ကာ မွှေကြော်လိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ပါ။

၃။ ဒယ်အိုးထဲသို့ ကျန်ရှိနေသော ဆီများအားလုံး ထည့်ပါ။ ဝက်ပေါင်ခြောက်အတုံးများထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်လိုက်ပါ။

၄။ ဝက်ပေါင်ခြောက်များ အညိုရောင်ပြောင်းသွားပါက ဒယ်အိုးထဲသို့ ထမင်းနှင့် ပဲငံပြာရည်အရောအနှောများ လောင်းထည့်လိုက်ပါ။ ထို့နောက် သမအောင် မွှေကြော်လိုက်ပါ။ (ဆီလိုအပ်ပါက ဆီ ထပ်ထည့်နိုင်ပါတယ်။)

၅။ နောက်တစ်ဆင့်အနေနဲ့ ကြက်ဥမွှေကြော်၊ ပဲလုံးစိမ်းနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် မွှေကြော်လိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် မီးဖိုပေါ်က ချခါနီးမှာတော့ ထောပတ် (သို့) နှမ်းဆီထည့်ကာ မွှေကြော်ပါ။

၆။ ထို့နောက် နှမ်းစေ့၊ ကြက်သွန်မြိတ်တို့ဖြင့် အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်ပေါင်ခြောက် ထမင်းကြော်လေး ရရှိသွားပါပြီ။

ပူပူနွေးနွေးလေးနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Drivemehungry.com