အပ်မှုကြိုက်တဲ့သူတွေအတွက် အရသာရှိတဲ့ အပ်မှိုစပ်စပ်လေးကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။ အပ်မှိုလည်းကြိုက်တယ်၊ အစပ်လည်းကြိုက်တယ်၊ အစပ်စားနိုင်တယ်ဆိုတဲ့ သူတွေအတွက်ကတော့ လုံးဝကို အကြိုက်တွေ့စေမယ့် အပ်မှိုဟင်းတစ်ခွက် ဖြစ်ပါလိမ့်မယ်။

လုပ်ရမယ့်ပုံစံကတော့ အရင်ဆုံး ပန်းငရုပ်အရှည်တောင့် ၂ တောင့်ကို အကွင်းလေးတွေဖြစ်အောင် လှီးပေးပါ။

အပ်မှိုအထုပ်ကြီး တစ်ထုပ်ကို အောက်နားတွေ ဖြတ်ထုတ်ပြီး ရေဆေးထားပါ။

စချက်ဖို့အတွက် ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပါမယ်။ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူကို စားပွဲတင်ဇွန်း ၁ ဇွန်းစာလောက် ထည့်ပြီး ဆီသက်ပါမယ်။

အပ်မှိုတွေအကုန် ထည့်ကြော်ပါမယ်။ city mart တွေမှာရောင်းတဲ့ samyang original sauce ကို ကိုယ်အစပ်ကြိုက်ရင် ကြိုက်သလောက် ထည့်ပေးပါ။

အပ်မှိုနူးလောက်ပြီဆိုရင် ခုနကလှီးထားတဲ့ ပန်းငရုပ်အရှည်တောင့်တွေကို ထည့်ပါမယ်။

ငရုပ်သီးအစိမ်းမှုန့်ကိုလည်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာနဲ့ ဆား အနည်းထည့်ပြီး ကြော်ပေးပါ။

အပ်မှိုနူးပြီဆိုရင်တော့ ကိုယ်စားမယ့်ပန်းကန်ထဲခူးထည့်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ အပ်မှိုစပ်စပ်လေးကြော်တာ ပြီးသွားပါပြီ။

Source: www.zoeyasmr2