အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ခေါက်ဆွဲကြော်ချစ်သူများအတွက် အရသာရှိတဲ့ ဝက်သားခေါက်ဆွဲကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၂ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ခေါက်ဆွဲထုပ် ၁ ထုပ်
  • မုန်ညှင်းဖြူ ၂ စည်း (ရေဆေးပြီး အနေတော်လှီးဖြတ်ထားလိုက်ပါ)
  • ဝက်သား ဝ.၅ ပေါင် (အနေတော်အတုံးလှီးဖြတ်ထားပါ)

  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်းတစ်ဝက်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားကို ဟင်းချက်ဝိုင်၊ ပြောင်းမှုန့်တို့ဖြင့် သမအောင် နယ်ပြီးတဲ့နောက်မှာ ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ အိုးတစ်လုံးထဲသို့ ရေထည့်ကာ ဆားအနည်းငယ်ထည့်ပြီးနောက် မီးပြင်းပြင်းဖြင့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက ခေါက်ဆွဲကို ရေထဲထည့်ကာ ၃ မိနစ်ခန့် တည်ထားလိုက်ပါ။ မကြာခဏမွှေပေးဖို့လည်း လိုပါတယ်။ အချိန်ပြည့်ပါက ခေါက်ဆွဲများကို ဆယ်ယူလိုက်ပြီး ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ။

၃။ ခေါက်ဆွဲကို ပန်းကန်လုံးထဲထည့်ပြီးနောက်မှာ ပဲငံပြာရည်အနှောက်၊ ခရုဆီတို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၄။ မုန်ညှင်းဖြူကိုလည်း ရေစင်အောင် ဆေးကြောထားလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ပြီး ၂ မိနစ်ခန့် ဆီသတ်ပါ။

၆။ ဝက်သားထည့်ပြီး နောက်ထပ် ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဝက်သားများ အညိုရောင်ပြောင်းသွားတဲ့အခါမှာတော့ ခေါက်ဆွဲထည့်ကာ နောက်ထပ် ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၇။ မုန်ညှင်းရွက်ထည့်ကာ ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်ကချခါနီးမှာ ကြက်သွန်မြိတ်ထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားခေါက်ဆွဲကြော်လေး ရရှိသွားပါပြီ။

အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Spicetheplate.com